27 C
Yangon

ရေတာရှည်မြို့နယ်၊ ကြို့ပင်သာရွာရှိ စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရေတာရှည်မြို့နယ်၊ ကြို့ပင်သာရွာရှိ စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြို့ပင်သာရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေတာရှည်မြို့နယ် အနောက်ခြမ်း ပကဖ စနိုက်ပါ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရေတာရှည်မြို့နယ် အမြန်လမ်း ၁၆၄ မိုင် ၇ ဖာလုံရှိ ကြို့ပင်သာရွာ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို ဂိတ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိပြီး ဂိတ်စခန်းမှ စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ ဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ပြည်သူများကို စစ်မှုမထမ်းမနေရ ပေါ်တာဆွဲခြင်း၊ ဆက်ကြေးတောင်းခြင်းများ အပြင် သိုင်းဝကျေးရွာအုပ်စုရှိ ကျေးရွာတချို့ကို အတင်း အဓမ္မ စစ်မှုထမ်းရန် မဲဖောက်ခြင်းများ လုပ်ဆောင်ပြီး စစ်မှုမထမ်းလိုသူများကို တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ မှ သိန်း ၇၀ ထိ တောင်းရမ်းနေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေတာရှည်မြို့နယ် အနောက်ခြမ်း ပကဖ စနိုက်ပါ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း တိုက်ခိုက်မှုကို ရေတာရှည်မြို့နယ် အနောက်ခြမ်း ပကဖ စနိုက်ပါ အဖွဲ့မှ ဦးဆောင်၍ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အလယ်ထူး ၉၉၁၈ တပ်ဖွဲ့နှင့် YDAFတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article