26 C
Yangon

နောင်ချိုမြို့၊ သပြေရပ်ကွက်ကို စစ်တပ်က ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရ

Must read

နောင်ချိုမြို့၊ သပြေရပ်ကွက်ကို စစ်တပ်က ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ သပြေရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် နောင်ချိုမြို့၊ သပြေရပ်ကွက်အတွင်းကို ပေါင် ၃၀၀ ဗုံး ၂ လုံးနှင့် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဗုံး ၉ လုံး စုစုပေါင်် ဗုံး ၁၁ လုံး လာရောက် ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

အဆိုပါ ဗုံးကျဲ တိုက်ခိုက်အတွင်း သပြေရပ်ကွက်မှ အသက် ၆၀ နှစ်အရွယ် ဦးသိန်းထွန်း သေဆုံးခဲ့ပြီး အသက် ၅၀ ဝန်းကျင်ရှိ ဒေါ်ပု ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့တွင် နမ့်ခမ်းမြို့ စခန်းသစ်အနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး၊ မန်ဆာနတ်စဉ်ကုန်း နှင့် လယ်ကွက်အနီးကို ဗုံး ၆ လုံး စုစုပေါင်း ဗုံး ၈ လုံး လာရောက်ကျဲချ တိက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိသော်လည်း ဒေသပြည်သူများ၏ စပါးခင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မုံးစီးမြို့နယ် ရေပူစမ်းအနီးကို ဗုံး ၈ လုံးထက်မနည်း လာရောက်ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article