28 C
Yangon

တောင်သာရှိ ပျူစောထီးအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရရှိ

Must read

တောင်သာရှိ ပျူစောထီးအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ပျူစောထီးအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က တရားဝင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က မြင်းခြံခရိုင်၊တောင်သာမြို့နယ် တလိုင်းရပ်(ရွာသစ်) ပျူစောထီးများ အထိုင်စခန်းချထားသောကျေးရွာကို ဝင်ရောက်တိုက်ခိုက်စီးနင်း ခဲ့ကြောင်း၊

နံနက် ၄ နာရီ အချိန် ပျုစောထီးများက ၎င်းတို့၏ စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့ကြ၍ ပျုစောထီးစခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ကာဘိုင် ၁ လက်၊ ရှော့ဂန်း ၁လက်၊ ၇ ဒသမ ၆၂ ကျည် ၁၉၅ တောင့်၊ ကာဘိုင်ကျည် ၆၅ တောင့်၊ ရှော့ဂန်းကျည် ၃၇တောင့် ၊ MG1 လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ Equipment ၁ ထည် ၊ ပြည်သူ့စစ်စစ်ယူနီဖောင်းများနှင့် ငွေ တစ်သိန်းငါးထောင်ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

လတ်တလော တောင်သာမြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများရှိသောလည်း အဓိကအားဖြင့် တောင်သာမြို့ကို အခြေပြု၍ အခိုင်အမာ ခုခံစစ်ပြင်ဆင်ထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“တောင်သာမှာတော့ စစ်တပ်က မြို့ကို အဓိက အခြေပြု ပြီး တပ်စွဲထားတာ။ တောင်သာမြို့နယ်ထဲမှာတော့ သူတို့ နယ်မြေစိုးမိုးမှု အတော်ကို လျော့ နည်းနေပြီ။ အထူးသဖြင့် ရွာဘက်တွေမှာတော့ တော်လှန်ရေးတပ်တွေက စိုးမိုးထားနိုင်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာ၊ စစ်ကြောင်းထိုးတာတွေကတော့ တောက်လျှောက်ရှိနေတယ်။ စစ်ဘေးရှောင်ပြည်သူတွေကတော့ လှည့်ပတ်ရွှေ့ပြောင်းနေထိုင်ရပါတယ်” ဟု တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article