32 C
Yangon

တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၉

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ဦး သေနတ် ၁လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား မောင်ဝေလင်းထွန်းသည် MA.2 (စက်ကလေး) သေနတ် ၁ လက်၊ ၅.၅၆ကျည် ၂၀ တောင့်၊ ကျည်ဘောက် ၁ ခုတို့ ယူဆောင်လာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကို အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားသည် တပ်တွင်း မတရားဖိနှိပ်ခံရခြင်း အပြင် ပြည်သူများအပေါ် စစ်သည်တော်ကျင့်ဝတ်များ ဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပကဖ မှ ရဲဘော်များ မေးမြန်းစဉ် ထွက်ဆိုခဲ့ကြောင်း သိရသည်။

“လက်ရှိမှာတော့ ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်။ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပြီးရင် သူ့ရဲ့ဆန္ဒအတိုင်း ကူညီဆောင်ရွက်လျက်ရှိပါတယ်။ ဆုကြေးငွေလည်း ချီးမြှင့်ဖို့ရှိပါတယ်။ အခုကတော့ ဆောင်ရွက်နေဆဲပါပဲ”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ နှင့် စစ်သားများ အနေဖြင့် မိမိတို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်ချိန်တွင် ထိခိုက်သေဆုံးမှု ပိုများလာမည်ဖြစ်၍ ပြည်သူနှင့်အတူ အချိန်မှီ ပူးပေါင်းကြရန် နှင့် လက်နက်နှင့်တကွ အလင်းဝင်ရောက်လာပါက ကောင်းမွန်စွာ စောင့်ရှောက်ပေးမည့်အပြင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article