28 C
Yangon

မုံရွာမြို့ထဲမှ ထွက်လာသည့် စစ်တပ် တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

မုံရွာမြို့ထဲမှ ထွက်လာသည့် စစ်တပ် တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၂ မိနစ်ခန့်တွင် မုံရွာမြို့ထဲမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ တွဲကား ၄၇ စီး နှင့် Jammer ကား ၅ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တွဲကားယာဉ်တန်း၏ ၅ စီးမြောက်နှင့် ၆ စီးမြောက် ကားကို တော်လှန်ရေး တပ်ဖွဲ့များက ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစား အကြား၌ ပဒေသာမိုင်း ၃ လုံးတွဲ ၂ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တွဲကား ၂ စီးလုံး မိုင်းစ ထိမှန် ရပ်တန့်သွားပြီး အနီးတွင် ကင်းဝပ်နေသော စစ်တပ် ကင်းပုန်းများနှင့် ကားပေါ်မှ စစ်သားများကို လက်နက်ငယ်များဖြင့် လမ်းဘေးတစ်လျှောက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေး သေဆုံးမှု အတိအကျတော့ စုံစမ်းလို့ မရသေးဘူး။ မိုင်းဆွဲတဲ့ ရဲဘော်တွေကလည်း တောက်လျောက်လိုက်ပစ်ခံရတော့ လှည့်မကြည့်နိုင်တော့ဘူး ဖြစ်သွားတယ် လမ်းပိုင်းကလည်း ကင်းပုန်းတွေ ချည်းချထားတာ လမ်းကြောတစ်ကြောလုံး တင်းကြပ်ထားတဲ့ အခြေအနေပဲ” ဟု မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းများသော People’s Defence Force – South Monywa ၊ People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram ၊ Venom Revolution Force ၊ Myinmu Local Defence Force ၊ Shining Star Local Defense Force နှင့် မြန်မာအစ္စလာမ်အထူကွန်မာန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article