24 C
Yangon

ပေါက်နှင့် ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီး

Must read

ပေါက်နှင့် ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၅၀ မိနစ်ခန့်နှင့် ၁ နာရီခန့်တွင် ပေါက်မြို့ နယ် ကပစ ၂၄ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်မဲတောင်ကျေးရွာနှင့် ကျောက်တံခါးကျေးရွာကို ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း သိရသည်။

ထို့ပြင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပေါက်မြို့နယ်၊ သပြေရေကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ် နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှင့် စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကျောက်တံခါးမှနေ၍ သမင်အင်းကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာပိုင် စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်ခန့်တွင် ကွင်းချောင်း၀ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အင်းပရစ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ကိုမျိုးနိုင်၏ နေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မူးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် တွင် ကော့ပြင်းကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများထောင်ထားသော မိုင်းနင်းမိပြီး ကော့ပြင်းကျေးရွာသား အသက် ၅၅ နှစ်အရွယ် စောအားဘလယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၅၃ မိနစ် မှ ၄ နာရီ ၅၆ မိနစ်အထိ အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သရက်ကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေပြည်သူ အသက် ၂၃ နှစ်အရွယ် မောင်ကျော်သက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article