34 C
Yangon

ငါ့သရောက်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်တပ်ဒေါက်တိုင်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ငါ့သရောက်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်တပ်ဒေါက်တိုင်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မန္တလေးတိုင်း၊ ငါ့သရောက်မြို့နယ်၊ တောပြားကျေးရွာနေ စစ်တပ်ထောက်တိုင်အကြီးစား ကျော်မိုးဆို သူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပုဂံဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီခန့်အချိန် ငါ့သရောက်မြို့နယ်အတွင်း အကြမ်း ဖက်စစ်တပ်က စစ်ကြောင်းထိုးရာတွင် ကားမောင်းလိုက်ပါ၍ လမ်းပြအဖြစ်လုပ်ဆောင်ပေးသူလည်းဖြစ်၊ ညောင်ဦးခရိုင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာရှိများ၊ G1 စစ်အရာရှိနှင့်အလွန်ရင်းနှီးသူလည်းဖြစ်သူ ငါ့သရောက်မြို့ နယ်၊ တောပြားကျေးရွာမှ ကျော်မိုးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံး သွားကြောင်း သိရသည်။

“သူက ညောင်ဦးခရိုင် စစစ အရာရှိရယ်၊ G1 တို့နဲ့အလွန်ရင်းနီးတယ်၊ ပျူတွေအထက်က အကြီးပိုင်း တွေပိုင်တယ်၊ သူကနောက်ကွယ်က ကြိုးကိုင်တာ၊ စကစရဲ့အဓိက လက်ကိုင်တုတ်ပေါ့၊ လက်နက်ရှိ တယ်လို့ သတင်းရထားတယ်၊ ဝင်ပစ်တဲ့အချိန်မှာ သေချာရှာချိန်မရခဲ့ဘူး။ ငါ့သရောက်ရဲစခန်းနဲ့က ဆိုင်ကယ်နဲ့လာရင် ၁၀ မိနစ်လောက်ပဲကြာမှာ။ အဲဒါကြောင့်အချိန်သိပ်မရလို့ မရှာခဲ့ရဘူး။ အလောင်းကို ဒီမနက်မှလာသယ်သွားတာပါ၊ ညက လာမသယ်ရဲဘူး။ လာရင်လည်း အရင်လို အင် အားနည်းနည်းနဲ့မလာရဲတော့ဘူး။ အင်အားသုံးပြီးလာတာ” ဟု ပုဂံဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပုဂံပြည်ဘီလူးတပ်ဖွဲ့နှင့် ငါ့သရောက် PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၁ ရက် ည ၇ နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ဒေါင်းလည်ကျေးရွာ အုပ်စု၊ ကုန်းပေါ်နက်ကျေးရွာနေအုပ်ချုပ်ရေးမှူးအောင်စိုးကို ပုဂံပြည်ဘီလူးတပ်ဖွဲ့၊ Popa Production & Guerilla Force နှင့် Myingyan Black Tiger တပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်ရှင်း လင်း ခဲ့ရာ နေရာတွင်ပင်ပွဲ ချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article