27 C
Yangon

စစ်ကောင်စီ၏ ၄ လတာ လေကြောင်း တိုက်ခိုက်မှု အတွင်း ကလေးငယ် ၄၉ ဦးအပါအဝင် ပြည်သူ ၅၄၃ ဦး သေဆုံးပြီး ၈၂၇ ဦး ဒဏ်ရာရ

Must read

စစ်ကောင်စီ၏ ၄ လတာ လေကြောင်း တိုက်ခိုက်မှု အတွင်း ကလေးငယ် ၄၉ ဦးအပါအဝင် ပြည်သူ ၅၄၃ ဦး သေဆုံးပြီး ၈၂၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

အကြမ်းဖက် စစ်ကောင်စီတပ်၏ ၄ လတာ လေကြောင်းတိုက်ခိုက်မှု အတွင်း ကလေးငယ် ၄၉ ဦး အပါအဝင် ပြည်သူ ၅၄၃ ဦးသေဆုံးပြီး ၈၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ် ရှားမှုအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာအရ သိရသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၄ လတာအတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၁၂၁၀ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၉၈ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု များအတွင်း ကလေးငယ် ၄၉ ဦးနှင့် အမျိုးသမီး ၉၆ ဦးအပါအဝင် စုစုပေါင်း ပြည်သူ ၅၄၃ ဦး သေဆုံးခဲ့ပြီး ၈၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူပိုင်နေအိမ် ၆၃၃ လုံး၊ ဆေးရုံ ဆေးခန်း ၁၁ ခု၊ စစ်ရှောင်စခန်း ၂ ခု၊ ဘာသာရေး အ ဆောက်အအုံ ၇၉ ခု၊ စီးပွားရေးနှင့် ဆိုင်သော အဆောက်အအုံ ၄၃၄ ခု၊ အချုပ်ထောင် ၂ ခု၊ စာသင် ကျောင်း ၂၆ ကျောင်း၊ UN ရုံး ၁ ရုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၀ ကြိမ် အထိကျူးလွန်ခဲ့ပြီး ကလေးငယ် ၁၅ ဦးနှင့် အမျိုးသမီး ၂၀ ဦးအပါအဝင် ပြည်သူ ၁၂၇ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀၁ ဦးထိရှိခဲ့ကြောင်း၊ ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု ၃၀၆ ကြိမ် လုပ်ဆောင်ခဲ့ပြီး ကလေးငယ် ၉ ဦးနှင့် အမျိုးသမီး ၁၀ ဦး အပါအဝင် ပြည်သူ ၇၇ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၉၃ ဦးထိ ရှိခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လတွင် လေကြောင်းတိုက်ခိုက်မှု ၄၂၉ ကြိမ် ကျူးလွန်ခဲ့ပြီး ကလေးငယ် ၉ ဦးနှင့် အမျိုး သမီး ၂၅ ဦး အပါအဝင် သေဆုံးသူ ၁၂၀ ဦးရှိပြီး ဒဏ်ရာရသူ ၁၈၄ ဦး အထိရှိခဲ့ကြောင်း၊ စက်တင်ဘာလတွင် လေကြောင်း တိုက်ခိုက်မှုပေါင်း ၃၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး ကလေးငယ် ၁၆ ဦးနှင့် အမျိုးသမီး ၄၁ ဦး အပါအဝင် သေဆုံးသူပေါင်း ၂၁၉ ဦးထိရှိကာ ဒဏ်ရာရသူ ၃၄၉ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

ထိုကာလများအတွင်း အကြမ်းဖက်စစ်တပ်၏ ဒရုန်းအသုံးပြု တိုက်ခိုက်မှုပေါင်း ၉၈ ကြိမ်ရှိခဲ့ပြီး ကလေးငယ် ၁ ဦး ၊ အမျိုးသမီး ၂၂ ဦး အပါအဝင် ပြည်သူ ၃၈ ဦး သေဆုံးကာ ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ ပြင် နေအိမ် ၃၂ လုံး၊ ဆေးရုံ ဆေးခန်း ၂ ခု၊ ဘာသာရေးအဆောက်အအုံ ၅ ခု နှင့်စာသင်ကျောင်း ၁ ကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ရှမ်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄၂၉ ကြိမ်၊ မန္တလေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၃၅ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၁၈၉ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ၁၇၇ ကြိမ်၊ ကချင်ပြည်နယ်တွင် ၄၆ ကြိမ်၊ မကွေးတိုင်းတွင် ၅၃ ကြိမ်၊ ချင်း ပြည် နယ်တွင် ၃၅ ကြိမ်၊ ကယားပြည်နယ် ၆ ကြိမ်၊ ကရင်ပြည်နယ် ၁၄ ကြိမ်၊ တနင်္သာရီတိုင်း တွင် ၂၄ ကြိမ်၊ ပဲခူးတိုင်းတွင် ၁ ကြိမ် နှင့် မွန်ပြည်နယ်တွင် ၁ ကြိမ်တို့ဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက် ရေးလှုပ်ရှားမှုအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်အုပ်စု ဝယ်ယူရရှိနေသည့် လေယာဉ်ဆီ များ၊ လေယာဉ်များ၊ လေယာဉ်တပ်လက်နက်များနှင့် လေယာဉ်များကို ပြုပြင်ထိန်းသိမ်းခြင်းဝန် ဆောင်မှု ရရှိနေသည်ကို ပိတ်ဆို့တားဆီးရန်အတွက် နိုင်ငံတကာကုမ္ပဏီများ အစိုးရများကို စည်းရုံး လှုံ့ဆော်ရာ၌ ယင်းအချက်အလက်များကို အသုံးပြုရန်နှင့် တရားမျှတမှုအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းအသီးသီးတို့မှ လေကြောင်းတိုက်ခိုက်မှု အချက်အလက်များ လိုအပ်ပါက အသုံးပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက် ရေးလှုပ်ရှားမှုအဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article