28 C
Yangon

ဟိုပုံးမြို့နယ်၊ မန်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်သတ်ပြီး တွဲဖက် စာရေးဖြစ်သူကို RCSS တပ်ဖွဲ့က ဖမ်းဆီးသွားဟု SSPP ထုတ်ပြန်

Must read

ဟိုပုံးမြို့နယ်၊ မန်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်သတ်ပြီး တွဲဖက် စာရေးဖြစ်သူကို RCSS တပ်ဖွဲ့က ဖမ်းဆီးသွားဟု SSPP ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မန်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်သတ်ပြီး တွဲဖက်စာရေး ဖြစ်သူကို RCSS တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း SSPP က ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဟိုပုံးမြို့နယ်၊ နားပုံကျေးရွာ ဖုန်းကြီးကျောင်းတွင် ရှမ်းနှစ်သစ်ကြိုဆိုပွဲ ကျင်းပပြုလုပ်နေစဉ် အုပ်ချုပ်ရေးမှူး စိုင်းစံအောင်က ပွဲခင်းထဲမှ၍ နားပုံကျေးရွာရှိ ရွာသူကြီးနေအိမ်သို့ အလည်သွားပြီး ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဆိုင်ကယ်ဖြင့် နေအိမ်ကို ပြန်လာစဉ် နားပုံကျေးရွာ အနောက်ဘက် အရောက်၌ RCSS တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အသက် ၂၈ နှစ်အရွယ် အုပ်ချုပ်ရေးမှူး စိုင်းစံအောင်သည် ဟိုပုံးမြို့နယ် ၊ နားပုံကျေးရွာ အုပ်စုတွင် အများပြည်သူများ ရွေးချယ်တင်မြှောက်ထားရသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး အများပြည်သူ လေးစားသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ထို့ပြင် စိုင်းစံ အောင်နှင့် တွဲဖက် စာရေးတာဝန်ထမ်းဆောင်သူ နားပုံကျေးရွာနေ အသက် ၃၁ နှစ်အရွယ် စိုင်းပန်တိကိုပါ RCSS တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ယခုကာလသည် ရှမ်းတပ် ၂ ဖွဲ့ အပစ်ရပ်ပြီး အမြန်ဆုံး ပေါင်းစည်းနိုင်ရန် ရှမ်းပြည်သူလူထုမှ ကြားဝင်စေ့စပ် ပေးနေစဉ် ကာလဖြစ်ပြီး ရှမ်းတပ် ၂ ဖွဲ့ ပေါင်းစည်းနိုင်ရေးအတွက် ရှေးရှုကာ နှစ်ဖက်တိုက်ပွဲများ မဖြစ်ပွားစေရန် SSPP/SSA အနေဖြင့် ထိန်းသိမ်းခဲ့သော်လည်း RCSS တပ်ဖွဲ့မှ အခွင့်ကောင်း အဖြစ် အသုံးချကာ တပ်စခန်းများ ၊ တပ်ဖွဲ့ဝင်များ ၊ ဒေသပြည်သူများကို အကြိမ်ကြိမ် တိုက်ခိုက် သတ်ဖြတ် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း SSPP က ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS တပ်ဖွဲ့ကို ရန်ကုန်ခေတ်သစ် သတင်းဌာနအနေဖြင့် လက်ရှိချိန်ထိ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article