Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ထိုင်းနိုင်ငံက ငါးဖမ်းလှေတွေကို ပစ်ခတ်ပြီး ထိုင်းသင်္ဘောသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီးမှုအပေါ် ထိုင်းဝန်ကြီးချုပ်က ကန့်ကွက်လိုက်ပြီး ၊ စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက သံအမတ်ကိုပါ ဒီကနေ့မှာ ဆင့်ခေါ်ထားပြီး ပစ်ခတ်မှုအပေါ် ရှင်းလင်းချက်ပေးဖို့နဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း ပြန်လွှတ်ခိုင်းမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
-ပြင်ဦးလွင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ကိုးကွယ်တဲ့ မြကျောက် အပ္ပမာဒမဟိဒ္ဓိ ကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင်တွေ အပါအဝင် အမျိုးသမီး အယောက်၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ၊ မုဒိမ်းကျင့်တာတွေ ကျူးလွန်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတယ်လို့ ပြုကျင့်ခံရတဲ့သူတွေနဲ့ နီးစပ်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ပဲခူးတိုင်း ၊ မင်းလှမြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်မှုအတွင်း အသီးသီး သေကုန်ကြတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ မသာအလောင်းတွေကို စစ်တပ်က ဒီအတိုင်း စွန့်ပစ်ထား တဲ့တဲ့အတွက် ပုပ်နံ့တွေ ဆိုးဆိုးရွားရွား ထွက်နေတာကြောင့် PDF တပ်ဖွဲ့တွေကပဲ သွားရောက် ရှင်းလင်းပေး နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။