30 C
Yangon

ကြို့ပင်ကောက်နှင့် ပန်းတောင်းရှိ ကျေးရွာများကို စစ်တပ်က ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော် ကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး

Must read

ကြို့ပင်ကောက်နှင့် ပန်းတောင်းရှိ ကျေးရွာများကို စစ်တပ်က ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော် ကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နှင့် ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် ဝင်ရောက် စီးနင်းပြီး လူငယ် ၃၀ ကျော်ကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကုန်းရွာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၇ ဦးကို နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ပန်းတောင်မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂၀ ကျော် ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပန်းတောင်းမြို့နယ် တောင်ဘိုကြီးကျေးရွာမှ လူငယ် ၄ ဦး နှင့်မြေဝါကုန်းရွာနှင့် မှန်ကုန်းရွာမှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပန်းတောင်းမြို့ပေါ် တော်မူဘုရားဝန်းရှေ့လမ်းတွင် လမ်းပြင်နေသည့် လမ်းအလုပ်သမား အမျိုးသား ၁၃ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက စစ်မှုထမ်းဖို့ လူစုမရတော့လို့ တွေ့လူလိုက်ဖမ်း အိမ်ပေါ်တွေတက်ဆွဲနဲ့ကို တော်တော်အခြေအနေဆိုးနေတယ်။ ကြို့ပင်ကောက်မှာဆို နေအိမ်ထဲထိကို ဝင်ဖမ်းတာ သတင်းပေးတဲ့လူရှိလို့ထင်တယ်။ နေအိမ်ကို အတည်အကျကို လာဖမ်းတာ ပန်းတောင်းမှာလည်း လမ်းပြင်တဲ့ သူတောင်ဖမ်းတဲ့ အခြေအနေဖြစ်နေပြီး ရွာတွေကိုလည်း ဆက်တိုက်ကို စီးနင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ်သင်တန်းများကို ဆက်တိုက်ဖွင့်လှစ်လျက်ရှိရာ ယခု ဒီဇင်ဘာလတွင် စစ်မှုထမ်း အပတ်စဉ် ၈ အထိ ရောက်ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- ယခင်လများအတွင်း စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article