27 C
Yangon

ရေးမြို့နယ်တွင် ခမရ ၂၉၉ မှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သာ ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Ramonya Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောဆိုသည်။

အလင်းဝင်လာသော ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား စောစိုးထက်အေးသည် ရေးမြို့မြောက်ပိုင်းတပ်ခွဲ ရာမညပြောက်ကျားတပ်ဖွဲ့ (RGF) ထံသို့ လက်နက်ခဲယမ်းများ ယူဆောင်လာ၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Ramonya Guerrilla Force တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူ့စစ် သင်တန်းဆင်း တပ်သားစောစိုးထက်အေးသည် MA-11 သေနတ် ၁ လက်၊ ကျည်တောင့် ၁၂၀ ၊ ကျည်ဘောက် ၃ ခု၊အီနာဂါ ဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်နှင့် စစ်အသုံးအဆောင်ပစ္စည်းများပါ ယူဆောင်လာပြီး တပ်ခွဲ တာဝန်ရှိသူ ကိုရဲရင့်သွေးထံ အပ်နှံပေးခဲ့ကြောင်း သိရှိရသည်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ပေးခြင်းအတွက် ရာမညပြောက်ကျားတပ်ဖွဲ့အနေဖြင့်လည်း အသီးသီးသော တော်လှန်ရေး အဖွဲ့အစည်းများ နည်းတူ ဝမ်းမြောက်တက်ကြွစွာ ကမ်းလှမ်းကြိုဆိုလျှက်ရှိကြောင်း၊ အလင်းဝင်ရောက်ရန် ဆက်သွယ်မည့် နည်းလမ်းများ အကြမ်းဖက်စစ်တပ် တပ်တွင်း (ဖရဲသီး)များကို ဖြန့်ဝေထားပြီးဖြစ်ပြီး ICC နိုင်ငံတကာ တရားရုံးမှ ဖမ်းဝရမ်းထုတ်ခံရတော့မည့် အကြမ်းဖက် စစ်တပ် အကြမ်းဖက်အုပ်စုအတွက် ဘဝပေးဆပ်နေမှုများကို ရဲဝံ့စွာ ရုန်းထွက်နိုင်စေဖို့ အစဉ်တစိုက် ကမ်းလှမ်းနေကြောင်း Ramonya Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article