29 C
Yangon

ရေဦးမြို့ပေါ်တွင် စစ်တပ်က ၃ ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး စစ်တပ် တပ်စွဲထားသော နေရာများတွင် ဖမ်းဆီးထား

Must read

ရေဦးမြို့ပေါ်တွင် စစ်တပ်က ၃ ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး စစ်တပ် တပ်စွဲထားသော နေရာများတွင် ဖမ်းဆီးထား

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး စစ်တပ် တပ်စွဲထားသော နေရာများတွင် ဖမ်းဆီးထားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး ရေဦးမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ လူငယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ပေါ်တာဆွဲ ဖမ်းဆီးမှု အတွင်း လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး အဆိုပါ လူငယ်များ အားလုံးကို စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ရေဦးတိုင်းရင်းဆေးရုံနှင့် အထက ၁ ကျောင်းထဲမှာ ဖမ်းဆီးထားကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးထားသော လူငယ်များကို အကြမ်းဖက် စစ်တပ်က လက်ရှိချိန်တွင် သင်တန်းပေးရန် ပြင်ဆင်နေပြီး ၎င်းတို့ သင်တန်းပေးထားသော ကျန်ရှိနေသော လူငယ်များကိုလည်း မြို့ပြင်ကို လုံးဝထွက်ခွင့်မပေးတော့ကြောင်း သိရသည်။

“၁၀ရက်နေ့ကတည်းက ရေဦးမြို့ပေါ်က ရွှေပြည်သာ၊ အောင်မင်္ဂလာနဲ့ ဗိုလ်အောင်ဇေယျရပ်ကွက်တွေကို အဓိကထားပြီး လူငယ်တွေကို လိုက်ဆွဲနေတာ အောင်မင်္ဂလာရပ်ကွက်ထဲက လူငယ် ၁၀ ဦးထက်မနည်း ၁၀ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားတယ်။ လက်ရှိချိန်ထိတော့ လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး လက်ရှိသင်တန်းဆင်းထားတဲ့ တပ်သား အသစ်များကို ပွင့်လင်းရာသီမှာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ရှင်းလင်းဖို့အထိပါ ဝါသဝ က စေခိုင်း လှုံ့ဆော်နေတာတွေရှိတယ်။ ဒီနေ့လည်း မြို့ပေါ်ရပ်ကွက်က လူငယ်တွေကို နေအိမ်တွေထဲအထိ ဝင်ရောက်ပြီး အတင်း အဓမ္မပေါ်တာဆွဲတာတွေ ထပ်မံ ပြုလုပ်နေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article