25 C
Yangon

အင်းစိန်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်၊ ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့လယ်ပိုင်းတွင်ပါ ပေါ်ပေါ်တင်တင် လုပ်လာ

Must read

အင်းစိန်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်၊ ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့လယ်ပိုင်းတွင်ပါ ပေါ်ပေါ်တင်တင် လုပ်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၁၆ တပ်ရင်းလုံခြုံရေးကင်းဂိတ်ကို ယမန်နေ့ ညပိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းထိပ်ရှိ လုံခြုံရေးကင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ေ​ြာင်း၊ စစ်ကောင်စီအနေဖြင့် လုံး၀ အုပ်ချုပ်ခွင့်မရဘဲ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခလရ ၁၆ တပ်သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ လက်ကိုင်တုတ် အကြမ်းဖက်နှိမ်နင်းရေးတပ်တစ်ခုဖြစ်ကြောင်း ၊ ယင်းတပ်မှ လူများသာ မင်းအောင်လှိုင်ကို အနီးကပ်ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖောက်ခွဲမှု နောက်ဆက်တွဲ မသိရသေးပါဘူး။ အနီးဆုံးမှာ ယူနီဖောင်းဝတ် ၂ ယောက်တော့ ရှိပါတယ်။ မသေချာသေးလို့ နောက်ဆက်တွဲ မထုတ်ပြန်တာပါ။မြို့ပြမှာကတော့ အရင်ထက် ပိုပြင်ဆင်ရတာတော့ အမှန်ပဲဗျ။ အထူးသဖြင့်ရန်ကုန်မှာ အရင်ထက်ကို အစစ်အဆေး လုံခြုံရေး များလာပါတယ်။ တစ်ခုပြောရရင်တော့ ရန်ကုန်သားတွေ ရန်ကုန်မှာ ရှိနေတယ် ဆိုတာ သိစေချင်ပါတယ် အမာကိုရှောင် အချိန်ကို စောင့်နေရလို့ပါ” ဟု God’s Hand Forces (GHF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ကုန်မြို့တွင် လုံခြုံရေးများ တင်းကျပ်လာသည့်အပြင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများကိုလည်း အရှိန် အဟုန်မြှင့် လုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်တိုင်းသည် စစ်မှုထမ်းရန် အတွက် ဥပဒေအရ အကျုံးဝင်သည်ဟုဆိုကာ နေရာမရွေး အချိန်မရွေး ဖမ်းဆီးရန် စစ်ကောင်စီ၏ ညွှန်ကြားချက်များလည်း ထွက်ရှိလာကြောင်း၊ ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်မည်ဟုဆိုကာ အိမ်အတွင်းသို့ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် စစ်မှုထမ်းဟောင်းများ ပေါင်း၍ နေ့လယ်ပိုင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ အိမ်ထောင်စု ၁၅၀၀ ကျော်ရှိသော ရွှေနံ့သာ စံပြကျေးရွာအုပ်စုတွင် လစဉ် စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ အနည်းဆုံး ၁သောင်းကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

” ရွှေနံ့သာစံပြကျေးရွာ မှာအုပ်ကြီးနဲ့စစ်မှုထမ်းဟောင်းတွေ၊ ရပ်ရွာလူကြီးတွေက နေ့လယ်ပိုင်းမှာ လမ်းမှာ လူငယ်တွေကို စစ်ဆေးမေးမြန်း တပ်ထဲပို့ ပေါ်တာဆွဲနေပါတယ်။ သူတို့အပြောက ရပ်ရွာအေးချမ်းသာယာဖို့အတွက် သူခိုးဂျပိုးဆေးသမား မုဒိန်းကောင်တွေကို ဖမ်းပြီး မင်္ဂလာဒုံ ရွှေနံသာရပ်ကွက်က ခြေလျင်တပ်ရင်း – ခလရ ၈၂ ထဲကို တစ်ခါတည်းတန်းပို့တယ်။ လူငယ်တွေမှာ အပြင်မထွက်ရဲကြတော့ဘူး။ ပေါ်တာဆွဲဖမ်းဆီးတာပါ။ နောက်တစ်ခါ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး တစ်အိမ် ၁သောင်းကောက်ပါတယ်။ ဧည့်စာရင်းနဲ့နေတဲ့ အိမ်ထောင်စုက ၆၀၀ ကျော်၊ အမြဲတမ်းနေတာက အိမ်ထောင်စု ၉၀၀ ကျော် စုစုပေါင်း အိမ်ထောင်စု ၁၅၀၀ မှာ လစဉ် ငွေပေးနေရတယ်။ အုပ်ကြီးနေရာကိုလည်း မင်းဇော်နဲ့လက်ရှိ ဦးညို ဆိုသူက လုနေကြတယ်။ အုပ်ကြီးတွေထက် ရုံးမှာနေတဲ့ကလေကချေတွေကိုကြောက်နေရတယ်။ သူတို့ စစ်တပ်ကို ခေါ်ထားပြီး မဟောသဓာကျောင်းမှာလည်းတပ်စွဲထားတယ်။ ရွှေနံ့သာခန်းမ မှာလည်း တပ်ကလာနေပါတယ်။ ပြည်သူတွေကဘယ်သူ့ကြောက်ရမယ်မှန်းမသိတော့ပါဘူး။ နေ့ခင်းတောင် အိမ်တွေပေါ်တက် လူငယ်တွေကို ပေါ်တာဆွဲပြီး တပ်ထဲ ခေါ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူမပြည့်မီသဖြင့် နိုင်ငံတစ်ဝန်း ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတစ်ဝန်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတွင် စစ်တပ်က ပြည်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟေင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article