30 C
Yangon

ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေသဖြင့် ပြည်သူများ အဝင်အထွက်မလုပ်ကြရန် CNO/CNDFက သတိပေးချက်ထုတ်ပြန်

Must read

ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေသဖြင့် ပြည်သူများ အဝင်အထွက်မလုပ်ကြရန် CNO/CNDFက သတိပေးချက်ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မြို့သိမ်းတိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများ အဝင်အထွက်မပြုလုပ်ကြရန် ချင်းအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – CNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့်ဖလမ်းမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ ၁ လကျော် ကြာ မြင့်ခဲ့ပြီဖြစ်ပြီး အောင်မြင်မှု တချို့လည်းရရှိထားကြောင်း၊ သို့သော်လည်း အကြမ်းဖက်စစ် ကောင်စီ တပ်က လေကြောင်း၊ မစ်ဆိုင်းဒုံးများဖြင့် အပြင်း အထန်ခုခံကာကွယ်တိုက်ခိုက်နေသဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အရေးကြီးကိစ္စရှိတယ်ဆိုပြီး ခဏခဏ ပြည်သူတွေ ခွင့်လာတောင်းတာရယ်၊ တိုက်ပွဲပြင်းထန်နေတာရယ် ကြောင့် ထုတ်ပြန်လိုက်တာပါ” ဟု ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ – CNDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ုကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖလမ်းမြို့တိုက်ပွဲတွင် အခြေစိုက် ခလရ ၂၆၈ တပ်ကုန်းအပါအဝင် လက်ကျန်စစ်ကောင်စီတပ် များ ကို CNDF ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်လျက်ရှိရာ ပြည်သူများ၏ ရပ်တည်မှု ၊ ဆုတောင်းပေးမှု ၊လက်နက်ခဲယမ်းနှင့် ကျည်များ ထောက်ပံ့မှု လိုအပ်နေသဖြင့် ပါဝင်အားဖြည့်ပေး ရန် ဖိတ်ခေါ်ထားသည်။

CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်းက ” ဖလမ်းတပ်ကုန်းကို အသေအလဲ ကာကွယ်တာ ဘာအတွက်လဲ။ ကျွန်တော်တို့လိုချင်တာ ခင်ဗျားတို့ရဲ့အသက်မဟုတ်ပါဘူး။ ကိုယ့်မြို့ကို ပြန်လိုချင်ရုံပါ။ ကျွန်တော်တို့ရဲ့မြို့ကို ကျွန်တော်တို့ ပြန်ယူနေတာက ကျွန်တော်တို့အတွက်တော့ သမိုင်းပေးတာဝန်ပါ။ အဲတာအတွက် ကိုယ့်အသက်စွန့်ရလည်း ကိုယ့်မြို့အတွက် ကိုယ်ဟာ သူရဲကောင်းအဖြစ်နဲ့ ရှိနေမှာ။ ခင်ဗျားတို့ကျတော့ သူတပါးမြို့ကို ဖျက်စီးတဲ့သူတွေအဖြစ် သမိုင်းမှာ တွင်ကျန်ရစ်တော့မှာ။ ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ ”ဟု လူမှုကွန်ရက်မှတစ်ဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထွက်ခွာရန် သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article