32 C
Yangon

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သို့ KIA က ထိုးစစ်စတင်ပြီး အင်အား ၁၀၀ ခန့်ရှိသော ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

Must read

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သို့ KIA က ထိုးစစ်စတင်ပြီး အင်အား ၁၀၀ ခန့်ရှိသော ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် KIA က ထိုးစစ်စတင်ပြီး အင်အား ၁၀၀ ခန့်ရှိသော ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန်ခန့် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ပြည်သူ့စစ် အင်အား ၁၀၀ ခန့်ရှိ လာဟူဆယ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အများအပြား ထွက်ပြေးသွားကြောင်း သိရှိရသည်။

“မနေ့ညနေက စခန်းသိမ်းလိုက်တယ်။ ပြည်သူ့စစ်တွေ ထွက်ပြေးသွားပါတယ်။ လက်နက်ခဲယမ်းတွေ ရရှိတာရှိပေမယ့် အတိအကျ မသိရသေးဘူး” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

KIA က ကချင်ပြည်နယ်တစ်ဝန်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်နေရာမှာ ပူတာအိုခရိုင်အတွင်းတွင် စတင်၍ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ ၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မချမ်းဘောမြို့နယ်တို့ပါဝင်ပြီး ဆွမ်ပရာဘွမ်မြို့နယ်မှ အပ ကျန်မြို့နယ်များမှာ KIA တိုက်ခိုက်သိမ်းပိုက်ခြင်းမရှိသေးသော မြို့နယ်များဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article