25 C
Yangon

စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ

Must read

စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်၊ စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယမန်နေ့ ညပိုင်း အာရက္ခတပ်တော် AA က ကုလားတန်မြစ်ဝ စစ်တွေမြို့အနီးရှိ စစ်ကောင်စီရေတပ်ကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ရာမှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်တွေမြို့မှ ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီး စစ်တပ်က စစ်တွေတွင် စစ်ရေးပြင်ဆင်မှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် ပစ်ခတ်သံများကြောင့် ရခိုင်ပြည် စစ်တွေမြို့ထဲရှိ ရပ်ကွက် ၃ ခုကို စစ်တပ်က ပိတ်ဆို့ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ ည ၁၂ နာရီမှ ယနေ့ နံနက် ၁ နာရီအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

လတ်တလော စစ်တွေမြို့ထဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ဆေးရေးလုပ်ငန်းများ၊ ကင်းလှည့်မှုများ၊ လုံခြုံရေး တင်းကျပ်မှုများကို အကြီးအကျယ် လုပ်ဆောင်နေကြောင်း၊ ၎င်းတို့ မသင်္ကာသော နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article