အထက်မင်းလှ-အမ်း လမ်းပိုင်း ၊ ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်ယာဉ်တန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
မကွေးတိုင်း၊ အထက်မင်းလှ-အမ်း လမ်းပိုင်း ၊ ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်ယာဉ်တန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး Upper Minhla PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ရက်နေ့တွင် နံနက်ပိုင်းတွင် အထက်မင်းလှမြို့နယ် နှင့် အမ်းမြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းများနှင့် ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုး၍ လာရောက် ပိတ်ဆို့သော အင်အား ၈၀ ဦးခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းများဖြင့် ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာနိုင်သည့် လမ်းပိုင်းများ တလျှောက်တွင် မိုင်းများဖြင့် ခုခံတားဆီးနိုင်ရန် ပြင်ဆင်ထားခဲ့ပြီး ဝင်ရောက် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဟန့်တားခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပုသိမ်-မုံရွာ လမ်းပိုင်း ကန်တုတ်စစ်ဆေးရေးဂိတ် အနီး ကီလိုမီတာ ၂၀ခန့် အကွာတွင် အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အသေးစား ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရှိရသည်။