32 C
Yangon

ဖြူးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူများ ထွက်ပြေးနေရ ၊ စစ် တပ်က ဒရုန်းများဖြင့် ဗုံးကျဲနေသည့်အပြင် ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းလုယက်နေ

Must read

ဖြူးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူများ ထွက်ပြေးနေရ ၊ စစ် တပ်က ဒရုန်းများဖြင့် ဗုံးကျဲနေသည့်အပြင် ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းလုယက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျာ၀တီနှင့် ညောင်ခြေထောက်ကျေးရွာအကြားတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း​ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဒီဇင်ဘာလ ၂၀ ရက်ဝန်းကျင်မှစတင်ပြီး ဖြူးမြို့နယ်၊ ဇေယျ၀တီမြို့၊ အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ် များအကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဖုန်းလိုင်းများ ဖြတ်တောက်ပြီး အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်ထားကြောင်း ၊ ဇေယျာ၀တီမြို့အတွင်းရှိ ကျေးရွာများကိုလည်း စစ်တပ်က ဒရုန်းများဖြင့် နေ့စဉ် ဗုံးကျဲမှုများ လု်ပဆောင်နေကြောင်း သိရှိရသည်။

” လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစ​ြီ့း ဇေယျဝတီမြို့ နဲ့ ညောင်ခြေထောက်အကြား အရှေ့ဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ နေ့ရောညပါ တအုန်းအုန်းနဲ့ဖြူးမြို့ထဲကပါကြားရပါတယ်။ ဖြူးမြိုနယ်မှာ Atom ဖုန်းလိုင်းတွေဖြတ်ခံထားရတာ ၁၀ရက်လေက်ရှိနေပြီ ။ မိုဘိုင်းလ်ဖုန်း အားလုံးရဲ့ အင်တာနက်လိုင်းတွေ ကိုဖြတ်ထားထားတာဆိုရင် နှစ်ပေါက်နေပြီ။ WiFi တစ်မျိုးပဲရပါတယ် ဖြူးမြို့နယ်ထဲကိုဝင်တာနဲ့ ဖုန်းအင်တာနက်မရတာပါ။ ၁၁၅ မိုင်မှာလည်းမရပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ ရှိ ကျေးရွာ များကို စစ်တပ်က နေစဥ်ရက်ဆက် ဒရုန်းနဲ့ ဗုံးကျဲချသည့်အပြင် မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေကြောင်း၊ ကျေးရွာများသို့ စစ်တပ်က ဝင်ရောက်ပြီး အဖိုးတန် ပစ္စည်းများ၊ ရွှေ၊ ငွေနှင့် ဆိုင်ကယ်များကိုလည်း လုယက် ဖောက်ထွင်းယူဆောင်နေကြောင်း သိရှိရသည်။

“အခု ပြေးနေရတာတွေလည်း မနည်းဘူး။ ပြည်သူတွေ။ စစ်ကြောင်းတွေကို ရောက်လာတာရော ဒရုန်းတွေနဲ့ ဗုံးကျဲတာရောကြောင့် ပြည်သူတွေ ရွာတွေမှာ မနေရဲကြဘူး။ ဇေယျာ၀တီမြို့အပိုင် ရွာတွေမှာ ဖြစ်နေတာ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးနေရတာများတယ်” ဟု ဇေယျာ၀တီမြို့မှ ဒေသသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ဖြူးမြို့နယ် အပါအဝင် ပဲခူးရိုးမတလျှောက် မြို့နယ်များတွင် စစ်အင်အားများ တိုးချဲ့ကာ စစ်ကြောင်းထိုးမှုများကို နေ့ရာ ညပါ လုပ်ဆောင်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တိုင်းမှူးနှင့် စစ်ခေါင်းဆောင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article