32 C
Yangon

ဆားလင်းကြီးမြို့ ရဲစခန်းနှင့် မြိုင်မြို့ ကပစ ၂ ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ဆားလင်းကြီးမြို့ ရဲစခန်းနှင့် မြိုင်မြို့ ကပစ ၂ ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အပေါ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) အဖွဲ့ ခေါင်းဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာထံနသို့ ပြောဆိုသည်။

ဇန်န်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့ပေါ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးသေစာရင်းကတော့ မသိရသေးဘူး။ နံနက်ပိုင်းကတော့ သူတို့ တန်းစီးမယ့် အချိန်ကို ကျွန်တော်တို့ မှန်းချခဲ့တာ ဒရုန်းကျရောက် ပေါက်ကွဲတာက စခန်းထဲတော့ ဘေးပတ်ဝန်းကျင်ကပြောတယ်။ ဒါပေမယ့် ထိခိုက်သေဆုံး စာရင်းကတော့ သူတို့ မသိသေးဘူး။ ဒီနေ့ မနက်ပိုင်းကလည်း အဲဒီဘက်က သေနတ်ငယ်တွေနဲ့လှမ်းပစ်တာတွေရှိတယ်။ ကျန်နော်တို့မှာ ရှိတာလေးနဲ့ လုပ်နေရတာဆိုတော့ ကိုယ်လုပ်ချင်သလောက်တော့ မထိရောက်ဘူးပေါ့။ ရှိတာလေးနဲ့ပဲ ထိရောက်အောင်လုပ်နေရတာပါ”ဟု ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) အဖွဲ့ ခေါင်းဆောင် ကိုဗိုက်က ပြောဆိုသည်။

ဆက်လက်၍ တိုက်ပွဲများဖော်ဆောင်နိုင်ရန်နှင့် Drone ဗုံးသီးများ ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ တော်လှန်ထောက်ပို့မိသားစုဝင်များ အနေဖြင့်လည်း ကူညီထောက်ပေးကြရန် မေတ္တာရပ်ခံကြောင်း ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)အဖွဲ့ ခေါင်းဆောင် ကိုဗိုက်က ဆက်လက် ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)အဖွဲ့နှင့် ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကပစ ၂ ရှိ အကြမ်းစစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော အဆောက်အဦးများကို Rocket များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ရက်နေ့တွင် နံနက် ၁ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကပစ ၂ ရှိ အကြမ်းစစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော အဆောက်အဦးများကို ဘာမထီ လက်နက်ကြီး အဖွဲ့က Rocket ၁၀ လုံးတို့ဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီနှင့် ပျုစောထီးများ အထိုင်ချ တပ်စွဲထားသော အဆောက်အဦး ပေါ်ကျရောက် ပေါက်ကွဲ့ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ပျုစောထီးများ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မှု ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article