30 C
Yangon

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပျဥ်းမနားမြို့နယ်၊ အဟာရသုခစျေးနှင့် ဘောဂသီရိကားကြီးကွင်း အကြား ကင်ပွန်းတန်းကျေးရွာမြောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းငယ်တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ထိခိုက်မှု ရှိပါတယ်။ သေဆုံးမှု ရှိမရှိတော့ အတည်မပြုနိုင်သေးပါ။ ထပ်မံ အတည်ပြုနိုင်ဖို့ ထောက်လှမ်းဆဲပါ။ အဓိက ပြောချင်တာကတော့ နေပြည်တော်ကို ထိလို့မရနိုင်ဘူး ဆိုတာကို ကျွန်တော်တို့ ရိုက်ချိုးပြတာပါပဲ။ တပြည်လုံးမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ညီအကိုတွေ အားတက်ဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင်ဟာ သူ့နေရာမှာကိုပဲ မလုံခြုံဘူး ဆိုတဲ့ ခံစားချက်မျိုးကို ရစေချင်တာပါ” ဟု နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်-ပျဥ်းမနားမြို့နယ် (ပကဖ) တိုက်ခိုက်ရေး တပ်ခွဲ ဗိုလ်တာရာအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article