23 C
Yangon

သိန္နီမြို့ပေါ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် အများအပြား ပျက်စီး

Must read

သိန္နီမြို့ပေါ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် အများအပြား ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်၊ သိန္နီမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ ည ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် MNDAA ထိန်းချုပ်ထားသော သိန္နီမြို့၊ အမှတ် ၃ ရပ်ကွက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုမရှိသော်လည်း ဗုံးတိုက်ရိုက်ထိမှန်သည့် နေအိမ်မှာ လုံးဝ ပြိုကျပျက်စီးသွားကြောင်း၊ ထို့ပြင် အနီးအနားရှိ နေအိမ်အများအပြားလည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း သိန္နီမြို့နယ်၊ နမ့်ပေါင်ကျေးရွာနှင့် သံလွင်စံပြ ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးနောက် ၃၈ ရက်အကြာပြန်လည် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် တည်ငြိမ်အေးချမ်းလာပြီဖြစ်သော အထူးဒေသ ၁ နယ်မြေအတွင်းရှိ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော လူနေရပ်ကွက်အတွင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသနေ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article