20 C
Yangon

ရခိုင်တိုက်ပွဲများတွင် ထွက်ပြေးရင်း မိုင်းနင်းမိ၍ သေဆုံးခဲ့သော ဗိုလ်မှူးချုပ် အောင်နေမျိုးနှင့် လက်နက်ကြီး ထိမှန်၍ သေဆုံးခဲ့သော ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို မင်းအောင်လှိုင်က ရာထူးတစ်ဆင့်တိုးပေးပြီး သူရဲကောင်းဘွဲ့ ပေးပြန်

Must read

ရခိုင်တိုက်ပွဲများတွင် ထွက်ပြေးရင်း မိုင်းနင်းမိ၍ သေဆုံးခဲ့သော ဗိုလ်မှူးချုပ် အောင်နေမျိုးနှင့် လက်နက်ကြီး ထိမှန်၍ သေဆုံးခဲ့သော ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို မင်းအောင်လှိုင်က ရာထူးတစ်ဆင့်တိုးပေးပြီး သူရဲကောင်းဘွဲ့ ပေးပြန်

ရန်ကုန်၊ ဇန်နဝါရီ ၄

ရခိုင်တိုက်ပွဲများတွင် သေဆုံးခဲ့သော တပ်မခ ၂၂ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ် မှူးကြီး အောင်နေမျိုးနှင့် ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို မင်းအောင်လှိုင်က ရာ ထူးတစ်ဆင့်တိုးပေးပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(သူရဲကောင်းဘွဲ့) ပေး အပ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စစ်ကောင်စီထုတ်သတင်းစာများတွင် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် မင်းအောင်လှိုင်က စစ်တပ်နှင့်ရဲဘက်မှ အရာရှိ ၉ ဦးကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(သူရဲကောင်းဘွဲ့) ပေးအပ်ခဲ့ရာတွင် ရခိုင်တိုက် ပွဲ သေဆုံးခဲ့သော အရာရှိကြီး ၂ ဦးကို ရာထူးတစ်ဆင့်တိုးဖြင့် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ် ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်တိုက်ပွဲတွင် သေဆုံးသူ တပ်မခ ၂၂ တပ်မမှူး ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီး အောင် နေမျိုးကို မင်းအောင်လှိုင်က ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ပေးခဲ့ပြီး အောင်နေမျိုးသည် ရခိုင်ပြည်၊ မောင်တောမြို့နယ် အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅) မှ ထွက်ပြေးခဲ့ပြီးနောက် မိုင်းနင်းမိကာ သေဆုံးခဲ့ခြင်းဖြစ် သည်။

ယမန်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် နခခ-၅ မှ လက် နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး အောင်နေမျိုးကို အခေါက်ရွှေတုံး၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ မောင်တောမြိုနယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်အရာရှိ အောင်နေမျိုးသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးစားစဉ် မိုင်းနင်းမိ၍ သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

အောင်နေမျိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကာ ကရင် ပြည်နယ်၊ ဘားအံမြို့နယ်အခြေစိုက် အမှတ် ၂၂ ခြေမြန်တပ်မ ဌာနချုပ်၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် မောင်တောမြို့သို့ တာဝန် ချထားခြင်းခံရသူဖြစ်ကြောင်း၊ သေဆုံးချိန်တွင် အသက် ၅၀ ကျော်၀န်းကျင်ရှိပြီး စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်မတော်ဆိုင်ရာ စွမ်းဆောင်ရည် ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော စစ်မှု ထမ်း ကောင်းတံဆိပ်ကို ချီးမြှင့်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သော အမ်းမြို့နယ်၊ အမှတ် ၂ တပ်မ တော် ဆေးရုံ (ကုတင် ၃၀၀ ) ၏ ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းကိုလည်း ဗိုလ်မှူးချုပ် ရာထူး တစ်ဆင့်တိုးဖြင့် မင်းအောင်လှိုင်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးအပ်ပြန်သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုက်ပွဲတွင်း အာရက္ခတပ်တော် (AA) ပစ်ခတ်သော လက် နက်ကြီးကျည် ထိမှန်၍ အမှတ် ၂ တပ်မတော်ဆေးရုံ (ခုတင် ၃၀၀)၏ ဆေး တပ် မှူး ဗိုလ်မှူး ကြီး ထွန်းထွန်းဝင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အမ်းစစ်ဆေးရုံတိုက်ပွဲတွင် ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့်အတူ ဆေးတပ်မှ သူနာ ပြုနှင့်စစ်ဆေးဆရာ၀န်တချို့လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ ၃ ခုမှ လွဲ၍ မြို့များအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article