ရန်ကုန်၊ ဇန်နဝါရီ ၄
အကြမ်းဖက် စစ်ကောင်စီက ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ၁၅ နှစ် ထောင်ဒဏ်သို့ ပြောင်းလဲလိုက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
ထို့ပြင် လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုများအပ ကျန် ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူအားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ပေးလိုက်ကြောင်းသိရှိသည်။
ထို့ပြင် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်မှ သက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အင်းစိန်အကျဉ်းထောင်မှ စစ်ကောင်စီ့၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ် မြောက်လာသူများ။ (ပုံအဟောင်းဖြစ်ပါသည်။)