25 C
Yangon

ရေးမြို့နယ် အခြေစိုက် ခမရ ၅၈၃ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး သေဆုံး

Must read

ရေးမြို့နယ် အခြေစိုက် ခမရ ၅၈၃ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၃ တပ်ရင်း ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်တွင် ရေးမြို့နယ်၊ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခမရ – ၅၈၃ တပ်ရင်း အတွင်းကို ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဗဟိုကင်းအနီးသို့ ၁ လုံး စခန်းအလည်ကို ၁ လုံး ခြံစည်းရိုးအနီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“တပ်ရင်းထဲကို ပစ်ထည့်ခဲ့တာပါ။ ကျောင်းရွာပတ်ဝန်းကျင်မှာရှိတဲ့ ကံလှရွာ၊ ဖားကြီးရွာ၊ ကျောက်မိကျောင်းရွာတို့ ရှိတယ်။ အဲဒီရွာတွေထဲကို သူတို့က ပြန်ပစ်ထည့်တာ အခုက ကံလှရွာဘက်ကို ပစ် တာ ပစ်တာက သုံးလေးလုံးရှိတယ်။ ရာဘာပင်ဖြတ်တဲ့ သူထိတာ အခုလည်း ကျူးလောင်းရွာစာသင် ကျောင်းကို ပစ်နေတာ ၂ ကြိမ်ရှိပြီ။ ကျနော်တို့ဘက်က ရဲဘော်တွေ ဘေးကင်းပါတယ်” ဟု ဒေါန စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့သို့ ကျရောက်ပေါက်ကွဲမှုအတွင်း အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်း ၊ ဗျူဟာ ၃၃ ၊ ဒေါန တပ်ရင်း နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article