25 C
Yangon

စလင်းမြို့နယ် ပကဖ က ထိန်းသိမ်းထားသော စစ်တပ် မိသားစုဝင်များနှင့် ဆက်နွယ်သူ ၈ ဦးကို လူသားချင်း စာနာထောက်ထားမှုဖြင့် ပြန်လွှတ်ပေး

Must read

စလင်းမြို့နယ် ပကဖ က ထိန်းသိမ်းထားသော စစ်တပ် မိသားစုဝင်များနှင့် ဆက်နွယ်သူ ၈ ဦးကို လူသားချင်း စာနာထောက်ထားမှုဖြင့် ပြန်လွှတ်ပေး

ရန်ကုန်၊ ဇန်နဝါရီ ၅

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ပကဖ က ဖမ်းဆီးထိန်းသိမ်းထားသော စစ်တပ် မိသားစုဝင်များနှင့် ပတ်သက် ဆက်နွယ်သူ ၈ ဦးကို လူသားချင်း စာနာထောက်ထား၍ ခံဝန် ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီး ထိန်းသိမ်း အချုပ်ချထားသော စစ်တပ် မိသားစုဝင်များ၊ စစ်တပ် နှင့် ပတ်သက်ဆက်နွယ်မှု ရှိသူ ၈ ဦးကို စစ်ဆေးမှုများ စိစစ်မှုများ‌ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားစွာဖြင့် အချူပ်သားများကို ခံဝန် ကတိဖြင့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် မိသားစုဝင်များ၊ စစ်တပ် နှင့် ပတ်သက်ဆက်နွယ်မှု ရှိသူ ၈ ဦးကို စလင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု ပြုလုပ်စဉ်ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကလေးငယ် အပါအဝင် ၈ ဦးကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးခဲ့တာပါ။ သူတို့ကို ကျနော်တို့ရဲ့ စစ်ဆေးရေးဂိတ်တွေကနေ စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးနိုင်ခဲ့တာပါ။ ကျနော်တို့ အနေနဲ့ တကယ် ပြစ်မှုကျူးလွန်သူများကိုသာ ထိရောက်တဲ့ အရေးယူမှုတွေလုပ်မှာဖြစ်ပြီး ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ တဖက်စောင်းနင်း ပြစ်ဒဏ်ချမှတ်တာမျိုးတွေ ပြုလုပ်မှာမဟုတ်ဘဲ လူသားချင်းစာနာစွာနဲ့ လုပ်ဆောင်နေအုံးမှာပါ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article