ရေတာရှည်မြို့နယ်၊ ပိန်းနှဲပင်နှင့် ကဲလင်းဆိပ်ကျေးရွာတို့ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီး
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိန်းနှဲပင်နှင့် ကဲလင်းဆိပ်ကျေးရွာတို့ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ ပိန်းနှဲပင်ကျေးရွာကို မီးရှို့ဖျက်ဆီးကာ ကဲလင်းဆိပ်ကျေးရွာကိုလည်း ဒရုန်းဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း ၊ ပိန်းနှဲပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
” ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲက ပိန်းနှဲပင်ကျေးရွာ ကို စစ်တပ်က တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။ ကဲလင်းဆိပ်ကျေးရွာကိုလည်း ဒရုန်းလက်နက်ကြီးနဲ့ ပြည်သူနေအိမ်တွေကို တစ်နေကုန်ကျဲချခဲ့ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ ဒရုန်းနှင့် ဗုံးကျဲချမှုကြောင်း ကဲလင်းဆိပ်ကျေးရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။