28 C
Yangon

အုတ်ဖို၊ ဇီးကုန်း၊ မင်းလှနှင့် လက်ပံတန်းမြို့နယ်ရှိ ပြည်သူလူထု၏ အထပ်မြင့်တိုက်၊ အိမ်များတွင် စစ်တပ်က အတင်းအကျပ် ဝင်ရောက် နေရာယူ တပ်စွဲနေထိုင်

Must read

အုတ်ဖို၊ ဇီးကုန်း၊ မင်းလှနှင့် လက်ပံတန်းမြို့နယ်ရှိ ပြည်သူလူထု၏ အထပ်မြင့်တိုက်၊ အိမ်များတွင် စစ်တပ်က အတင်းအကျပ် ဝင်ရောက် နေရာယူ တပ်စွဲနေထိုင်

ရန်ကုန်၊ ဇန်နဝါရီ ၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် အထပ်မြင့် နေအိမ်များကို စစ်မက်ရေးရာ အသုံးပြုရန် သဘောတူညီချက် လက်မှတ် အတင်း အဓမ္မ ရေးထိုးခိုင်းပြီး တပ်စွဲနေထိုင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်၍ အုတ်ဖိုမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ် တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် အထပ်မြင့် အဆောက်အဦးများကို စစ်မက်ရေးရာ အသုံးပြုရန် သဘောတူညီချက် လက်မှတ် အတင်း အဓမ္မ ရေးထိုးခိုင်းပြီး တပ်စွဲနေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

အုတ်ဖိုမြို့တွင် အကြမ်းဖက် စစ်တပ်က မြို့မ ၁ လမ်းရှိ ကိုသန်းထွန်း စိုက်ပျိုးရေးဆေးဆိုင်၊ ထွန်းသိန်း မုန့်တိုက်၊ ဗိုလ်ရုံးတန်းလမ်းရှိ သိဒ္ထိ၀င် စာကြည့်တိုက်၊ ငွေမိုး ဆေးအရောင်းဆိုင်နှင့် မိုးညိုတန်းလမ်းရှိ စည်သူကျော်နေအိမ် တို့တွင် ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇီးကုန်းမြို့တွင် ပြည်သူ့ဆေးရုံ မြောက်ဘက် ပန်းခြံ နှင့် မျက်နှာချင်းဆိုင်ရှိ ရန်ကုန်-ပြည် လမ်းဘေးမှ ကိုဝင်းမင်းနှင့် ကိုသန်ဇင်တို့ ပိုင်ဆိုင်သော ၃ ထပ် တိုက်နေအိမ် အပါအဝင် ရန်ကုန်-ပြည် လမ်းပိုင်း တစ်လျှောက်ရှိ အထပ်မြင့် တိုက်ခန်းများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် မင်းလှမြို့နယ်၊ သရက်တပင်ရွာ ရန်ကုန်-ပြည် လမ်းပိုင်းရှိ ဒေါ်စိုးစိုး ကုန်စုံဆိုင်တိုက်နှင့် လက်ပံတန်းမြို့နယ် မြို့မ ရပ်ကွက် ရုပ်ရှင်ရုံ အနီးမှ အထပ်တိုက်များတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်နေကြောင်း သိရှိရသည်။

“သာယာဝတီခရိုင်ထဲက မြို့နယ် တော်တော်များများမှာ စစ်ခွေးတွေက အထပ်မြင့် အဆောက်အဦးတွေကို တပ်စွဲဖို့ဆိုပြီး ပြည်သူတွေကို စစ်မက်ရေးရာ အသုံးပြုဖို့ သဘောတူညီချက် လက်မှတ် အတင်း အဓမ္မ ရေးထိုးခိုင်းနေတယ်။ တချို့ အဆောက်အဦးတွေမှာတော့ တပ်စွဲထားပြီ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article