24 C
Yangon

ကန့်ဘလူမြို့နယ်၊ ကျောက်ဆည်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို လက်လုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကန့်ဘလူမြို့နယ်၊ ကျောက်ဆည်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို လက်လုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျောက်ဆည်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်လုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ကျောက်ဆည်ကန်ရွာ အနောက်ဘက်တွင် အထိုင်ချ တပ်စွဲရန် ပြင်ဆင်နေသော အင်အား ၇၀ ခန့်ရှိသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်လုပ် ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်း နှင့် ခင်ဦးမြို့နယ် Rocket (Not Afraid Anything-Khin U) အဖွဲ့တို့က ပူး‌ပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article