24 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– ကချင်ပြည်နယ်၊ မံစီမြို့နယ်တစ်ခုလုံးကို KIA-PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် အကြမ်းဖက် စစ်ကောင်စီတပ်ရင်းတွေကနေ ထွက်ပြေးသွားတဲ့ တပ်သား အယောက် ၁၄၀ ဝန်းကျင်ကို KIA-PDF ပူးပေါင်းတပ်တွေက အပြီးတိုင် ခြေမှုန်းသုတ်သင်လိုက်တဲ့အတွက် အကုန်လုံး သေကုန်ကြပြီ ဖြစ်သလို ၊ အလောင်းတွေလည်း ပျံ့ကျဲနေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– မန္တလေးတိုင်းက မြင်းခြံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်း တပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ ထက်မနည်းက တော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိထားပြီး ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကတော့ ကစဉ့်ကလျားနဲ့ ထွက်ပြေးသွားကြသလို ၊ အဲဒီလို ခြေမှုန်းခံရတဲ့ အကြောင်းကို စစ်တပ်လော်ဘီချန်နယ်တွေမှာပါ ဖော်ပြထားကြပါတယ်။

– မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article