23 C
Yangon

ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ပြည်သူများထံမှ ငွေညှစ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး ပျက်စီး

Must read

ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ပြည်သူများထံမှ ငွေညှစ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်၊ ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ပြည်သူများထံမှ ငွေညှစ်ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း Popa Production & Guerilla Force – PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ခရီးသွားပြည်သူများထံမှ နေ့စဉ် စစ်ဆေး ငွေညှစ်မှုများ ပြုလုပ်နေပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်ကား ၁ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျန်ရှိနေသော ကားများမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်ကလည်း ပုပ္ပားတောင်မကြီး ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာသည့် အကြမ်းဖက် စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းနှင့် စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများနိုင်တယ်။ အသေအပျောက်တော့ရှိတယ်။ ကျနော်တို့ စစ်ခွေး သေစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လာကတည်းကကို နာရေးကား ၁ စီး ကို ချောဆွဲလာတာ” ဟု Popa Production & Guerilla Force – PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ပြောဆိုသည်။

Popa Production & Guerilla Force – PPGF တပ်ဖွဲ့သည် စစ်ရေးအရှိန်မြှင့်၍ တိုက်ခိုက်နေသည့် အတွက် ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ ခရီးသွားလာမှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း ရဲဘော်ဗျတ္တက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article