27.5 C
Yangon

မြန်မာနယ်စပ်တွင် လူကုန်ကူးခံရသော တရုတ်မော်ဒယ် Yang Zeqi ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိ၊ ဟောင်ကောင်အစိုးရက မြန်မာနိုင်ငံသို့ ခရီးမသွားရန် အနီရောင်အဆင့်သတ်မှတ် သတိပေး

Must read

မြန်မာနယ်စပ်တွင် လူကုန်ကူးခံရသော တရုတ်မော်ဒယ် Yang Zeqi ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိ၊ ဟောင်ကောင်အစိုးရက မြန်မာနိုင်ငံသို့ ခရီးမသွားရန် အနီရောင်အဆင့်သတ်မှတ် သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနယ်စပ်တွင် လူကုန်ကူးခံရသော တရုတ်မော်ဒယ် Yang Zeqi ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

မြန်​မာနိုင်​ငံနယ်​စပ်​တွင်​ တရားမ၀င်​ လူကုန်​ကူးခံရသော တရုတ်မော်ဒယ် Yang Zeqi အပါအဝင် တရုတ်နိုင်ငံသားတချို့ကို ကယ်တင်နိုင်ခဲ့ပြီး ယခုအခါ အဆိုပါ ကယ်တင်ထားသူများမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၊ လုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့တွင် သတင်းထုတ်ပြန်သည်။

“ ကယ်ဆယ်ရေးတွေ လုပ်ပြီးတဲ့နောက် Wang Mou၊ Sun Mouqiang၊ Yang Mouqi၊ Wu Mouqi၊ Lin Mouling၊ Xu Mouning နဲ့ တခြားသူတွေကို ကယ်ထုတ်ပြီး နိုင်ငံကို ဘေးကင်းစွာ ပြန်သွားကြပြီဖြစ်ပါတယ်” ဟု တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

ထို့ပြင် တရုတ်နှင့် ထိုင်းရဲများသည် လူကုန်ကူးမှုတွင် သံသယရှိသူ ၁၂ ဦးကို ပူးတွဲဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိ ပြန်လည် ကယ်တင်နိုင်ခဲ့သော တရုတ်မော်ဒယ် Yang Zeqi သည် ဇာတ်ကားတစ်ကားရိုက်ကူးရန် ကမ်းလှမ်းမှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ Yang သည် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် သောကြာနေ့တွင် ဆိုရှယ်မီဒီယာတွင် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၊ ဟောင်ကောင်အစိုးရက လူကုန်ကူးမှုများနှင့် အွန်လိုင်းလိမ်လည်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံရမှုများဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံကို အနီရောင် အဆင့်သတ်မှတ်ပြီး ခရီးမသွားသင့်သော နိုင်ငံအဖြစ် သတ်မှတ်၍ သတိပေးချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ မြဝတီ၊ ဖာပွန်၊ ဘားအံနှင့် ကော့ကရိတ် ဒေသများသို့ ခရီးမသွားရန်၊ မလိုအပ်ဘဲ ခရီးသွားမှုများ ရှောင်ကြည်ရန်၊ အဆိုပါနေရာများတွင် ရောက်ရှိနေပြီးသူများအနေဖြင့်လည်း သတိထားကြရန် ဟောင်ကောင်အစိုးရက သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article