24 C
Yangon

မုံရွာ နမခ ဌာနချုပ်မှ အရာတော်သို့ ထွက်လာသော စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးသွားသော သက်ကြီးရွယ်အို ၃ ဦး သေဆုံး၊ ကျေးရွာ ၃ ရွာမှ ရွှေ ၅၀ ကျပ်သား အပါအဝင် အတွင်းခံ များပါ မကျန် စစ်တပ်က ခိုးယူသွား

Must read

မုံရွာ နမခ ဌာနချုပ်မှ အရာတော်သို့ ထွက်လာသော စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးသွားသော သက်ကြီးရွယ်အို ၃ ဦး သေဆုံး၊ ကျေးရွာ ၃ ရွာမှ ရွှေ ၅၀ ကျပ်သား အပါအဝင် အတွင်းခံ များပါ မကျန် စစ်တပ်က ခိုးယူသွား

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် နမခ ဌာနချုပ်မှ အရာတော်သို့ ထွက်လာသော စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးသွားသော သက်ကြီးရွယ်အို ၃ ဦး သေဆုံးသွားပြီး ကျေးရွာ ၃ ရွာမှ ရွှေ ၅၀ ကျပ်သား အပါအဝင် အတွင်းခံ များပါ မကျန် စစ်တပ်က ခိုးယူသွားကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ တာဝန်ခံ ကိုအာကူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) မှ အရာတော်မြို့နယ်သို့ထွက်ခွာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မုံရွာမြို့နယ်အတွင်းရှိ ရွာထောင် ရွာ၊ ထနောင်းကုန်းရွာနှင့် ကျောက္ကာကျေးရွာတို့မှ ဓာစားခံ အဖြစ် အသက်အရွယ် ကြီးရင့်သူများကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း သွေးလန့်ကာ သေဆုံးသွားသူ ၃ ဦးခန့် ရှိကြောင်း သိရသည်။

ထို့ပြင် ယင်းအကြမ်းဖက် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်းပြီး ရွှေ ၅၀ ကျပ်သား (တစ်အိမ်တည်း) ၊ ငွေသားနှင့် အဖိုးတန်ပစ္စည်းများ၊ ကလေးဖိနပ်၊ အတွင်းခံ ဘော်လီ၊ ဘောင်းဘီတို့ပါမကျန် နေအိမ်တိုင်းမှ လိုက်လံခိုးယူသွားပြီး မသယ်နိုင်၍ကျန်ရှိသည့်ပစ္စည်း များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ ကာလတန်ဖိုး သိန်းပေါင်း ၈၀၀၀ ကျော်အထိ နစ်နာဆုံးရှုံးခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းတပ်စွဲတဲ့ ရွာတောက်လျှောက်ပဲ ခိုးသွားတာ မုံရွာဘက်ခြမ်းကတော့ ရွာထောင်၊ ထနောင်းကုန်း ၊ ကျောက္ကာရွာ ၃ ရွာက ပါသွားတာပါ။ မုံရွာဘက်ခြမ်းကတော့ မီးတော့မရှို့ဘူး။ ခိုးသွားတာကတော့ ကလေးဖိနပ်ပါ မကျန်ဘူး အကုန်ယူတာ ရွာထဲက ကလေးဖိနပ်တွေ၊ ဘော်လီ တွေ၊ စက်ဘီးတွေ အကုန်ယူသွားတာ အိမ်တစ်အိမ်ကတော့ မီးခံသေတ္တာထဲကို ဖောက်ပြီးယူသွား တာ ရွှေတွေရော စိန်တွေရော ပိုက်ဆံတွေရောပါသွားတာ ဈေးဆိုင်ကပစ္စည်းတွေဆိုလည်း အကုန်မသွားတာ။ ယောက်ျားလေးအတွင်းခံပါမကျန်ဘူး။ ဓားစာခံတွေက ဖမ်းပြီးပြန်လွှတ်ပေးခဲ့တယ်။ ဒါပေမယ့် သွေးလန့်ပြီးသေတဲ့သူတွေရှိတယ်။ သုံးလေးယောက်ရှိတယ် သေတာ” ဟု မုံရွာမြို့နယ်ပြည် သူ့ လုံခြုံရေးအဖွဲ့ – ပလဖ တာဝန်ခံ ကိုအာကူးက ပြောဆိုသည်။

ပြည်သူတို့အနေဖြင့် ယခုအချိန်သည် စစ်ရေးတင်းမာသော ကာလရောက်ပြီ ဖြစ်သည့်အတွက် မိမိတို့ ပိုင်ဆိုင်သည့် အဖိုးတန်လက်ဝတ်ရတနာ ၊ ငွေကြေး၊ အရေးကြီးစာချုပ်စာတမ်း စသည် များ ကို အသင့်အနေထားဖြင့် သိမ်းဆည်းထုပ်ပိုးထားပြီး အလွယ်တကူ တပါတည်းယူဆောင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားကြရန် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က တိုက်တွန်းထားသည်။

“အခုနောက်ပိုင်းမှာဆိုရင် စခတွေက သူခိုးဂျပိုးတွေကအစ စုလာတာ မိမိတို့ပိုင်ဆိုင်တဲ့ လက်ဝတ် ရတနာ၊ ငွေကြေး၊ စာချုပ်စာတမ်းတွေကို အရေးအကြောင်းကြုံတဲ့အခါမှာ အလွယ်တကူ ဆွဲထွက်လို့ ရအောင် လွယ်အိတ်နဲ့ဖြစ်ဖြစ် အိတ်တစ်ခုခုနဲ့ ဖြစ်ဖြစ် အသင့်အနေအထားရှိအောင် ပြင်ဆင်ထား စေချင်တယ်။ ခင်တာ မထွက်ကြတာ ရွာတွေက မထွက်ကြတဲ့အခါမှာ ဓားစာခံပါသွားတယ်။ ပါသွား တဲ့အခါကျတော့ ကျနော်တို့ဘက်က ပစ်ရ၊ ခတ်ရတာ ပြည်သူထိမှာ စိုးတဲ့အတွက် ငဲ့ညှာလိုက်ရတာ တွေရှိတယ်။ အဲဒါကြောင့် သက်ဆိုင်ရာအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာစေချင်တယ်” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ တာဝန်ခံ ကိုအာကူးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article