25 C
Yangon

မြိုင်မြို့ စက်မှု ၂ တွင် ရိက္ခာပို့ စစ်တပ် စစ်ကြောင်း ရောက်ရှိနေစဉ် ရော့ကတ် ၁၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

မြိုင်မြို့ စက်မှု ၂ တွင် ရိက္ခာပို့ စစ်တပ် စစ်ကြောင်း ရောက်ရှိနေစဉ် ရော့ကတ် ၁၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ မြိုင်မြို့ စက်မှု ၂ တွင် ရိက္ခာပို့ စစ်တပ် စစ်ကြောင်း ရောက်ရှိနေစဉ် ရော့ကတ် ၁၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြိုင်မြို့မှ စက်မှု ၂ ကို ရိက္ခာကား ၁၂ စီးနှင့် စစ်ကောင်စီ တပ်သားများ ရောက်ရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရော့ကတ် ၁၄ လုံးနှင့် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရော့ကတ် ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦး သေဆုံးကာ ၁ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဘက်မှလည်း လက်နက်ငယ်များ ၆၀ မမနှင့် ၇၉ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေး ၄ ကောင်က ထိခိုက်ဒဏ်ရာပြင်းထန်ပြီး သေဆုံးနိုင်ပါတယ်။ ၁ ကောင်ကတော့ ထိခိုက်ဒဏ်ရာ မပြင်းထန်ဘူးလို့ သိရတယ်။ စစ်ခွေးတွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိပါတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်နှင့် ဇာမဏီ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အလားတူ ယင်း စစ်ကြောင်းနှင့် ယာဥ်တန်း မြိုင်မြို့ပေါ်ရှိလာစဉ် ဇန်နဝါရီလ ၁၂ ရက်နှင့် ၁၇ ရက်နေ့တို့တွင်လည်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင် သွားရောက် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article