25 C
Yangon

မြိုင် လင်းကတော ရဲစခန်းနှင့် ငါန်းဇွန် မြို့သာရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

Must read

မြိုင် လင်းကတော ရဲစခန်းနှင့် ငါန်းဇွန် မြို့သာရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို လာရောက် ပူးပေါင်းသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းများ ဖြင့်ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Eagle Brigade (ANyar Eagles) တပ်မှူး Leo9 က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်ရှိ လင်းကတော ရဲစခန်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် လာရောက် ပူးပေါင်း အကြမ်း ဖက်စစ်ကောင်စီ တပ်သားများကို 4Kg ဗုံးသီး ၁ လုံး ၊ 2Kg ဗုံးသီး ၁ လုံး၊ 1Kg ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၃ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဖြင့် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်းသိရှိရသည်။

“အရင်က ၄၀ လောက်ပဲ ရှိတာကို အင်အား ၁၀၀ ကျော် လာပေါင်းတယ်လို့ သိရတယ်။ စစ်ခွေး သေတာတော့ ၃ ကောင် သေတယ်။ Drone နဲ့ ချတာက ဒဏ်ရာရ စာရင်းတော့ မသိရသေးပါဘူး။ ည ၈ နာရီ ကျွန်တော်တို့ drone ကြောင့် သေတာပါ။ ကျွန်တော်တို့ Page မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ကြည့်ရင် အမျိုးသမီးစစ်သည်တွေ Drone Team မှာ တက်တက်ကြွကြွ ပါဝင် တိုက်ခိုက်နေကြတာတွေ့ပါလိမ့်မယ်။ အားနွဲ့တဲ့ မိန်းမသားတွေ ဖြစ်ပါသော်လည်း စိတ်ဓာတ်ပြင်းထန် ခိုင်မာမှုနဲ့ ANyar Eagles မှာ Drone ပညာ သင်ယူပြီး စစ်အာဏာရှင်ကို တော်လှန်လို့ ရပါတယ် ဆိုတာ ပြောချင်ပါတယ်” ဟု ANyarEagles ရဲ့ တပ်မှုး Leo9 က ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားအများ အပြား ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က ရဲစခန်းအနီးရှိ ဘီယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီး လိုက်ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းအတွင်း အင်အား ဖြည့် ထားသော အကြမ်းဖက် စစ်သား၊ ပျူစောထီး ၄၀၀ ခန့်ကို နေ့စဉ် ရက်ဆက် ဒရုန်းဖြင့် လက်လုပ် 3kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1kg ဒရုန်း ဗုံးသီး ၆ လုံး အသုံးပြု၍ ကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ် နေရာများ ကို တိကျစွာ ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားနှင့် ပျူစောထီများ ထိခိုက် သေဆုံးမှုရှိ ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုက ရှိတယ်။ စုံစမ်းလို့မရတာ အဓိကချတာက မြို့သာရဲစခန်းပေါ့။ ရဲစခန်း ပင်မ ဆောင်ရယ် စစ်ခွေးတွေနေတဲ့ လိုင်းခန်းတွေ အဆောက်အအုံတွေပေါ် ချခဲ့တာ ပစ်မှတ်ကို ထိထိ ရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့ ညနေ့ပိုင်း ချုံထဲမှာ ကင်းပုန်းဝပ်တာကိုလည်း ကွက်တိ ချနိုင်ခဲ့တယ်။ ကျရောက်ပေါက်ကွဲတာ အဲဒီကင်းပုန်း စစ်ခွေးတွေလည်း တော်တော်များများ သေ တယ်လို့ သိရတယ်” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း ဦးဆောင်၍ မြင်းခြံ ခရိုင် တပ်ရင်း – ၆ ၊ တပ်ခွဲ၂ ၊ တပ်ခွဲ၃ နှင့် ငါန်းဇွန်မြိုနယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်သားများက မြို့သာရဲစခန်းအနီးပတ်ဝန်းကျင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ဘီယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ရာ ဘီယာဆိုင်တစ်ဆိုင်မီးလောင်ပြာကျခဲ့ ကြောင်းသိရှိရသည်။

“မီးရှို့တာက ရဲစခန်းပတ်ပတ်လည် နေအိမ်တွေကို လိုက်ရှို့တာ ရှေ့လည်း သိပ်မတက်ရဲဘူး။ တက်ရ သလောက်တက်ပြီးရှို့တာ၊ ဘီယာဆိုင်ကတော့ ပြာကျသွားတယ်။ ပြည်သူတွေက ဝိုင်းငြှိမ်းဖို့လုပ်တာ ကို အငြှိမ်းမခံဘူး။ နေအိမ်တွေကတော့ နည်းနည်းပါးပါးလောက်လောင်သွားတာ” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ဆက်လက်ပြောဆိုသည်။

ယခုအခါအကြမ်းဖက်စစ်ကောင်စီက ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်တို့ အ တွင်းသို့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားများကို အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း၊ စစ်သားများနှင့်အနီးကပ်စွာနေထိုင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article