Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၅ ရက်မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရမယ့်လူငယ်တွေကို စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ တရားဝင်ပြဋ္ဌာန်းကာ စတင်ပိတ်ပင်လိုက်ပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ CNO ၊ CNDF အဖွဲ့က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ရဲတပ်ဖွဲ့ဝင် ၄၄ ဦးရှိတဲ့ စာသင်ကျောင်းနေရာကို အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဲအုပ်၊ ဒုရဲအုပ်တွေအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးနဲ့ ရဲ မိသားစုဝင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဖမ်းဆီးခံထားရတဲ့ ရဲဝန်ထမ်း တွေက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုကိုလ်မြိုင် ရထိုက်မြို့သစ်စီမံကိန်းအတွင်း ကျားဖြန့်အလုပ်ရုံတွေမှာ လုပ်ကိုင်နေသူတွေကို လူတစ်ဦး ထိုင်းဘတ် ၅၀၀၀ နှုန်း BGF က တိုးမြှင့် ကောက်ခံနေတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။