32 C
Yangon

ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်| ဇန်နဝါရီ ၂၅

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို ဗုံးကြဲခံရ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှာ ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် ထောင့်ချိန်ရွာက ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောက်တို့မှာ ဗုံးသီးများကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီး အရပ်သားတစ်ဦး အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Photo- APM ။

ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်းကလည်း ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရ၍ ၄၁ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၄၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article