ကျောက်မဲ ပြည်သူ့ဆေးရုံပေါ်သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲချမှု ဆေးကုသပေးနေသော CDM ဆရာမ ၁ ဦးနှင့် လူနာ ၁ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရ ၊ ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီး
ရန်ကုန်၊ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံပေါ်သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲချမှု ဆေးကုသပေးနေသော CDM ဆရာမ ၁ ဦးနှင့် လူနာ ၁ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ် ပြန် သည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန် နှင့် မွန်းလွဲ ၁ နာရီ ၂၉ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက် မဲမြို့အတွင်း ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံး ၄ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲချတိုက်ခိုက်မှုကြောင့် လူနာများကို ဆေးကုသပေးနေသည့် CDM ဆရာမ ၁ ဦး၊လူနာ ၁ ဦးသေဆုံးပြီး ကျန်မားရေးဝန်ထမ်း၊ CDM ဝန်ထမ်းများအပါအဝင် အရပ်သား ပြည်သူ ၂၀ဉီး ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ကျောက်မဲပြည်သူ့ဆေးရုံမှာ ကုတင် ၁၅၀ ခုဆံ့ ဆေးရုံဖြစ်ပြီး ကျောက်မဲမြိုကို PSLF/TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက် မဲပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ဆောင်မှုပေးကာ ဆေးကုသပေးနေကြောင်း၊ ယခု စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲပြည်သူ့ဆေးရုံတစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂၂ ရက်လည်း နောင်ချိုမြိုတွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၉ ဦးသေဆုံးပြီး (၃)ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဉီးတည် ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က သတိပေးထားသည်။