24 C
Yangon

စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေပြီး လျှောက် ထားသူမရှိ၍ တပ်မိသားစုများမှ ၁၀ တန်းအောင်ကျောင်းသားများကို ဆွဲခေါ်တက်ခိုင်းနေရ

Must read

စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေပြီး လျှောက် ထားသူမရှိ၍ တပ်မိသားစုများမှ ၁၀ တန်းအောင်ကျောင်းသားများကို ဆွဲခေါ်တက်ခိုင်းနေရ

🟥 ပြင်ဦးလွင် စစ်တက္ကသိုလ် လုံး၀အပြီး ရွှေ့ပြောင်းခိုင်းသည့် အမိန့် လတ်တလော မရှိသေးသော်လည်း စာသင်နှစ်အလိုက် နေပြည်တော်နှင့် ပြင်ဦးလွင် ပေါင်းကူး တက်ခိုင်းရန်ရှိနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ဖွင့်လှစ်ထားသော စစ်တက္ကသိုလ်အပတ်စဉ် တစ်ခုလျှင် တက်ရောက်နေသည့် ဗိုလ်လောင်း အရေအတွက်မှာ လူဦးရေ ၃၀၀ အောက်သို့ ထိုးကျဆင်းနေပြီး လျှောက်ထားသူမရှိဖြစ်နေ၍ တပ်မိသားစုများမှ ၁၀ တန်းအောင် ကျောင်းသားများကို ဆွဲခေါ် တက်ခိုင်းနေရကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“DSA ဗိုလ်လောင်းသင်တန်းက ၂၀၀ ကျော်နဲ့ ၃၀၀ အကြားပဲ ရှိပါတယ်။ လျှောက်ထားသူ နည်းလွန်းလို့ တပ်မိသားစုထဲက ၁၀ တန်းအောင် လူငယ်တွေကို အသက်ကန့်သတ်ချက်တွေ ဖြည်လျှော့ပြီး တက်ခိုင်းတယ်။ အဲဒါတောင် ၂၀၀ ကျော်ပဲရှိပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ ကျောင်းဆင်းခဲ့သော စစ်တက္ကသိုလ် DSA အပတ်စဉ် ၆၆ တွင် ဗိုလ်လောင်းအရေအတွက် ၃၁၄ ဦးသာရှိပြီး ကြည်းတပ်တွင် ဒုဗိုလ်အဖြစ် ၂၆၇ ဦး၊ ရေတပ်တွင် ဒုဗိုလ်အဖြစ် ၂၇ ဦး နှင့် လေတပ်တွင် ဒုဗိုလ်အဖြစ် ၂၀ ဦးတို့ကို စစ်ရာထူးခန့်ချုပ်ရုံးက ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော ပြင်ဦးလွင် စစ်တက္ကသိုလ်ကို နေပြည်တော်၊ ပျဉ်းမနားရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးဆေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့သို့ ပြောင်းရွှေ့မည်ဆိုသော သတင်းများ ထွက်ရှိနေကြောင်း၊ ယင်းသတင်းမှာ မှန်ကန်သော်လည်း လက်ရှိအချိန်အထိ ပြင်ဦးလွင်စစ်တက္ကသိုလ်ကို လုံး၀ နေပြည်တော်သို့ ပြောင်းရွှေ့ခြင်း ပုံစံမျိုးမဟုတ်ဘဲ စာသင်နှစ် တတိယနှစ်နှင့် နောက်ဆုံးနှစ် (စတုတ္တနှစ်) ဗိုလ်လောင်း ကျောင်းသားများကို နေပြည်တော်တွင် တက်ရောက်စေမည်ဖြစ်ကြောင်း၊ ကျန် ပထမနှစ်နှင့် ဒုတိယနှစ် ဗိုလ်လောင်းများကို ပြင်ဦးလွင် စစ်တက္ကသိုလ် တွင် ဆက်လက်တက်ခိုင်းသည့် ပေါင်းကူး ပုံစံဖြင့် ပြောင်းရွှေ့ရန်ရှိနေကြောင်း သိရှိရသည်။

“စစ်တက္ကသိုလ်ပြောင်းမယ်ဆိုတာကတော့ ကြားနေရတာ ကြာပြီ။ ပြောင်းမယ်ဆိုတာက သတင်းကမှန်တယ်။ ဒါပေမယ့် စာသင်နှစ်အလိုက် ပြောင်းမယ်လို့ သိထားတယ်။ တတိယနှစ်နဲ့ ကျောင်းဆင်းတော့မယ် နောက်ဆုံးနှစ်ကို နေပြည်တော်မှာ တက်ခိုင်းပြီးတော့ ပထမနှစ်နဲ့ ဒုတိယနှစ်ကို ပြင်ဦးလွင်မှာ တက်ခိုင်းမယ်လို့ သိထားတယ်။ ကျောင်းသားကလည်း သိပ်မရှိတော့ ပြောင်းရ ရွှေ့ရတော့ လွယ်ပါတယ်။ လုံခြုံရေး မတည်ငြိမ်လို့ စစ်ဖြစ်ရင်တော့ ကျောင်းတစ်ခုလုံး နေပြည်တော် ရွှေ့တာမျိုးလည်း ဖြစ်လာမယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ ပြင်ဦးလွင်အနီး တောင်ခမ်းတွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article