32 C
Yangon

ရွှေဘို၊ တည်သီးတောရွာရှိ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ချောင်းဦးမြို့ပေါ်တွင်လည်း စစ်တပ် အင်အား အများအပြား ရောက်ရှိနေ၍ ပြည်သူများ ဂရုပြုနေထိုင်ကြရန် အသိပေး

Must read

ရွှေဘို၊ တည်သီးတောရွာရှိ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ချောင်းဦးမြို့ပေါ်တွင်လည်း စစ်တပ် အင်အား အများအပြား ရောက်ရှိနေ၍ ပြည်သူများ ဂရုပြုနေထိုင်ကြရန် အသိပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတော ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သူဦးကြီးများအဖွဲ့ – PDFက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိသည်။

အဆို တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် PDO Drone တပ်ဖွဲ့နှင့်အတူ တောင်သူဦးကြီးများအဖွဲ့ ပကဖ အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ရောက်ရှိလာ၍ ပြည်သူများ ဂရုပြု နေထိုင်ကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံး၌ အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းကို စစ်ကြောင်းထိုးရန် လုံလောက်သော အင်အားရှိသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ စစ်ကြောင်းချိန် လုပ်ဆောင်တတ်သော ပြည်သူများကို လူသားဒိုင်းအဖြစ် ဓားစာ ပြုလုပ်ကာ ဖမ်းဆီးလေ့ရှိသောကြောင့် ချောင်းဦးမြို့ပေါ် နှင့် စစ်တပ် စိုးမိုးနယ်မြေများ အတွင်း လုံးဝ သွားလာခြင်းမပြုလုပ်ရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article