စလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ကျေးရွာ ၂ ခုကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းများလုယူ၊ ပြည်သူ ၁ ဦးသေဆုံး
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေါင်းစစ်အောင် (LPDF) တာ ဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့် နှင့် ၁၂ နာရီ ခန့်တွင် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်း ဖက် စစ်တပ်၏ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်ရင်းများမှ စစ်ကောင်စီ တပ်သား ၃၀၀ ခန့်သည် အုန်းတောရွာနှင့် ကညှပ်ကျေးရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူ လုယက်သွားကြောင်း၊ လက်ရှိချိန်တွင် အုန်းတောရွာနှင့် ကညှပ်ကျေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူမျာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး စလင်းမြို့ မြောက်ဘက်ရှိ တောတွင်ရွာ ၊ သာစည်ရွာ၊ မိုး၀င်းရွာနှင့် သရက်ချဉ်ရွာ ဘက်ကို ဦးတည် စစ်ကြောင်းထိုး ထွက်ခွာလာခြင်းဖြစ်ပြီး ၈၁ မမ လက်နက်ကြီးများ တပ် ဆင်ကာ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် မိုး၀င်းကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ခွေးစစ်ကြောင်းကတော့ ဆက်လက် စစ်ကြောင်းထိုးနေတုန်းပါပဲ စစ်ခွေးစစ်ကြောင်း စတင်ထွက်ခွာလာတဲ့နေ့က လက် နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်လို့ မိုး၀င်းကျေးရွာက ပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒီနေ့တော့ ခွေးစစ် ကြောင်းက အုန်းတောရွာနှင့် ကညှပ်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ပြောဆိုသည်။
လက်ရှိအချိန် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုန်းတောရွာနှင့် ကညှပ်ကျေးရွာ အနီးဝန်းကျင်တွင် ရှိနေပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။