23 C
Yangon

ရွှေပြည်သာရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် စက်ရုံကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရွှေပြည်သာရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် စက်ရုံကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်း၊ ရွှေပြည်သာရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် စက်ရုံကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်ရှိ မင်းအောင်လှိုင်လက်အောက်ခံ

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် Army Rum အရက်စက်ရုံကိုု ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဦးဆောင်မှုဖြင့် အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ)တိုက်ခိုက်ရေးတပ်ဖွဲ့က အဝေးပစ်လောင်ချာ(79) ဖြင့် 40မမ ၃ လုံးထိထိရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူခြင်း ၄ နှစ်ပြည့်အကြွေးအားထိုက်ထိုက်တန်တန်တောင်းယူခြင်းဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ စစ်အာဏာသိမ်း ၄ နှစ်ပြည့်သည့်နေ့ နံနက်အစောပိုင်း ရန်ကုန်မြို့နေရာတချို့တွင် စစ်တပ်က လုံခြုံရေး တင်းကျပ်ထားပြီး မြေနီကုန်း၊ လှည်းတန်း၊ ရန်ကုန်မြို့လယ်ခေါင်တို့တွင် လုံထိန်းရဲကားတချို့ လှည့်လည်နေသည်ကို မြင်တွေ့ရသည်ဟု ရန်ကုန်မြို့ခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article