27 C
Yangon

မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်း၊ မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး ရှော့တိုက်ဒုံးများ အဆောက်အဦး များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် အစောပိုင်း ၅ နာရီ ၃၀ မိနစ်မှာ မြိုင် စက်မှု ၂ ကပစ ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ၅ ချက်လုံးအောင်မြင်စွာ ပစ်ခဲ့နိုင်ပြီး အဆောက်အဦးများပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်။ အထိအခိုက်ကိုတော့ စုံစမ်းနေဆဲမို့ မသိရသေးပါဘူး” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်သည်အထိ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် မုံရွာမြို့ရှိ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article