ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဖေဖော်ဝါရီလ ၄ရက်နေ့တွင် အထွေထွေကြပ်တည်းမှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ ဆိုတဲ့စာသားကိုင်ကာ အာဏာသိမ်းမှုကို အလိုမရှိကြောင်း” ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါဆန္ဒပြ ပြည်သူများက “စစ်အာဏာရှင် အလိုမရှိကြောင်းကို “အာဏာရှင်မှန်သမျှ ဆန့်ကျင်ကြ” ၊”အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ”၊”ပြည်သူ့အားသာ အခရာ” စသည့် စာသားများကိုကိုင်စွဲပြီး ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရှိရသည်။