29 C
Yangon

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

Must read

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မဲဇလီတံတား တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပုသိမ်-မုံရွာလမ်းပိုင်းရှိ ၃ မိုင်ပေါက်ကို အင်အား ၁၅၀ ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၃ မိုင်ပေါက်တွင် စတင် တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၃ မိုင်ပေါက်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၄ ရက်တွင်း ယင်း စစ်ကြောင်းသည် ရုန်းပင်ကျေးရွာကို ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက် နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီး ပစ်ကူများဖြင့် ကြီးအုံကြီးဝတမံသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို ကြီးအုံကြီးဝတမံ ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိလာစဉ် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ ၆ နာရီအထိ တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့ကြောင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် မဲဇလီရဲစခန်းနှင့် နောက်ချန် အင်အားများက လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

” တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ခွေး ခန့်မှန်း ၂၀ ဝန်းကျင် သေဆုံးနိုင်ပါတယ်။ အဲနေ့တိုက်ခိုက်မှု အပြီးမှာ စစ်ခွေးတွေ ရှေ့မတိုးရဲတော့ပဲ ခုနောက်ပြန်ဆုတ်သွားပါပြီ ကျွန်တော်တို့အနေနဲ့ စုဖွဲ့မှုကောင်းကောင်းနဲ့ ခုခံနိုင်ခဲ့တယ်။ ကျွန်တော်တို့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးတဲ့ ပြည်သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်” ဟု မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပြည်သူကာကွယ်ရေးအဖွဲ-ပွင့်ဖြူမြိုနယ်၊ မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)တိုက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article