26 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများကို တော်လှန်ရေးတပ်များက ဖျက်ဆီး

Must read

ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများကို တော်လှန်ရေးတပ်များက ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ငွေကျပ် သိန်း ၁၀၀ တန်းဖိုးရှိ အကြမ်းဖက် စစ်တပ်ထုတ် မြန်မာဘီယာများကို ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မြို့နယ် ပအဖ၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ ရဲဘော်များက အကြမ်းဖက် စစ်တပ် ထုတ်ကုန် မြန်မာဘီယာ များ သယ်ဆောင်လာသည့် ကားကို ထိန်းသိမ်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးမှု အတွင်း စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ နီးပါးရှိ Myanmar Beer ဂျပ်ဖာပေါင်း ၇၁ ဖာ၊ ပုလင်းပေါင်း ၈၅၂ ပုလင်း နှင့် ဗူးတို ဂျပ်ဖာပေါင်း ၂၄ ဖာ၊ ဗူးပေါင်း ၅၇၆ ဗူး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထို သိမ်းဆည်းရမိသော ပစ္စည်များ အားလုံးကို ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အများပြည်သူများ၏ ရှေ့မှောက်တွင် အကြမ်းဖက် စစ်တပ် ထုတ်ကုန် Myanmar Beer များ အားလုံးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ နှင့် ၎င်းမိသားစုများ၊ ၄င်းတို့နှင့် အကျိုးတူ စီးပွားဘက်ဖြစ်သော စစ်တပ် ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီးစေနိုင်သည့် လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စစ်တပ် ထုတ်ကုန် ပစ္စည်းများကို ပြည်သူအပေါင်းမှ သပိတ်မှောက်ကြရန် မေတ္တာရပ်ခံကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article