22 C
Yangon

လောင်းလုံးနှင့် ထားဝယ်မြို့တွင် စစ်တပ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

Must read

လောင်းလုံးနှင့် ထားဝယ်မြို့တွင် စစ်တပ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်း၊‌ လောင်းလုံးမြို့နယ်နှင့်ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် လောင်းလုံးမြို့နယ်၊ ကျော်နီမော်ကျေးရွာရှိ ရေခဲ စက်ရုံဟောင်းကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အလားတူ မွန်းလွဲ ၁ နာရီ ၄၁ မိနစ်တွင် ကျောက်နီမော်ကျေးရွာ၊ ဘုရား တောင် တာဝါတိုင်ကုန်းရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီး ၁ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေး ရွာ ဘုရားတေင် တာဝါတိုင် စစ်တပ်စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် လည်း ကျောက်နီမော်ကျေးရွာ ရေခဲစက်ရုံဟောင်း လက်နက်ကြီးပစ်ကွင်းအတွင်း သို့ ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုနောက် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီအချိန် ထား၀ယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နတလရုံးကို ဒရုန်းဖြင့် ဗုံး သီး ၁ လုံး ၊ မွန်းလွဲ၂ နာရီ အချိန်တွင်လည်း လောင်းလုံးမြို့ပေါ်ရှိ ထွေအုပ် ရုံးကို ဗုံးသီး ၁ လုံး၊ ည နေ ၃ နာရီအချိန်၌ လောင်းလုံးမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး၊ ညနေ ၃ နာရီ ၄၀ မိနစ် အချိန် တွင် လောက်လုံးမြို့မ ရဲစခန်းအတွင်းသို့ နောက်ထပ်ဗုံးသီး ၁ လုံး ထပ်မံကျဲ ချတိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။

“နောက်ဆက်တွဲထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပါပဲ၊ အခုလက်ရှိ သိတားတာကတော့ ထုတ် ပြန်ထားတဲ့ အရေအတွက်အတိုင်းပဲ အတည်ပြုနိုင်သေးတယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ – ပကဖမှ သတင်းနှင့်ပြန်ကြား ရေးတာ ဝန်ခံ ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် TPLFတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခန့်အချိန် လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို လောင်းလုံး မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲရဲ‌ဘော်များမှ ရှောင်တခင် သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်မတော် တဆဖြစ်ကာ ဒဏ် ရာရရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖအနေဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်လုပ်ဆောင်ရန်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ရေးသတင်းများ မပြတ်နားစွင့် ထားရန်နှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးအဆံများ၊ မပေါက်ကွဲသေးသည့်မိုင်း၊ လက်နက် ခဲ ယမ်း အကြွင်းအကျန်များအား ကိုင်တွယ်ထိတွေ့ခြင်းမပြုကြရန် နှင့် တွေ့ရှိပါ ကဆက်သွယ် အကြောင်းကြားပေးကြရန် အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article