29 C
Yangon

ထိုင်းနိုင်ငံအတွင်းသို့ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို ထိုင်းက ဖမ်းဆီးအရေးယူ

Must read

ထိုင်းနိုင်ငံအတွင်းသို့ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို ထိုင်းက ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ထိုင်းနိုင်ငံအတွင်းသို့ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို ထိုင်းက ဖမ်းဆီးအရေးယူလိုက်ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားအတွက် လုံခြုံရေးယူထားသော ထိုင်းစစ်တပ်က တံတားပတ်ဝန်းကျင်ကို စစ်ဆေးစဉ် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ပါဝင်ပြီး သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါတရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးရရှိသော မြန်မာများကို မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထား​ပြီး ဥပဒေဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article