36 C
Yangon

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်း ပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက် နက် ၅ လက်သိမ်း ဆည်းရရှိ

Must read

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်း ပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက် နက် ၅ လက်သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဝင်ရောက်တပ်စွဲထားသော စစ်တပ်ဂိတ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၆၀ မမစိန်ပြောင်း ၁ လက်အပါအဝင် လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန် လယ်ဒိုမြို့နယ်အတွင်း ဝင်ရောက်တပ်စွဲ ထားသည့် ခမရ ၅၆၀ တပ်၏ နရွဲပင် ဂိတ်စခန်း၊ တောဝိရွာ နှင့် ထိန်တပင်ကြား ရှိ ဂိတ်စခန်း နှင့် ကျွန်းကုန်းကျေးရွာဘေး တောရ ကျောင်းတွင် တပ်စွဲထားသော ဂိတ်စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းဂိတ်စခန်းများ သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိပြီး စစ်ကောာင်စီတပ်သားများ အသုံးပြုသော ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက် အပါအဝင် လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဓာတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းများမှ သိမ်ပိုက်ရရှိသော လက်နက်ခဲယမ်း များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article