27 C
Yangon

မတ္တရာတွင် ကျေးရွာ ၂ ရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ဖယ်ခုံမြို့နယ်၊ လယ်ထွန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရ

Must read

မတ္တရာတွင် ကျေးရွာ ၂ ရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ဖယ်ခုံမြို့နယ်၊ လယ်ထွန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်ခန့်အချိန် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ မြို့စိုးကုန်းရွာနှင့် ဘိုကုန်းရွာ အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာနေပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“မြို့စိုးကုန်းရွာနဲ့ ဘိုကုန်းရွာ အနီးတဝိုက်ကို စစ်ခွေးတွေက ပေါင် ၅၀၀ ဗုံးတွေ ကျဲချ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး။ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်နှင့် ကရင်နီပြည် အစပ် ဖယ်ခုံမြို့နယ်၊ လယ်ထွန်ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Emergency Response Coordination Team အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် လွိုင်လင်လေးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လယ်ထွန်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article